Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း

1K 265 22
                                    

Unicode

ဆီပေနေသော လက်အိတ်ကိုတော့ ချီချင်းအစောကြီးထဲက လွှင့်ပစ်ခဲ့ပြီးဖြစ်၏။ လက်သုတ်ပေးပြီးနောက် ရှဲ့လင်က ချီချင်း၏ အင်္ကျီလက်ကို လက်ချောင်းလေးများဖုံးသည်အထိ ဆွဲချပေးလိုက်သည်။

ထိုအခါကျမှ စောစောက အစည်းအဝေးခန်းထဲ လှဲနေခဲ့သည့် အကျိုးသက်ရောက်မှု ပေါ်လာသည်ထင်သည်။ နားထဲနည်းနည်းအူလာသလိုလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပေမဲ့ ထိုပတ်ဝန်းကျင်ကပင် ဆူညံနေသလို ခံစားလာရသည်။

ရေဘုံဘိုင်မှ ကျနေသည့် ရေစက်သံတတောက်တောက်သည်ပင် သူ့နားထဲ ပုံမှန်ထက် ကြည်လင်နေသောကြောင့် စိတ်တို့ပိုရှုပ်ထွေးလာရသည်။ ချီချင်းက ရှဲ့လင်၏ လက်ဖျံရိုးများကို ကြည့်ရင်း ပြောချင်နေသော စကားအခွန်းပေါင်းများစွာကို နားမလည်နိုင်သည်အထိ ချုံ့၍ ပြောလိုက်သည်။
" ခင်ဗျား.. မဆေး"

ရှဲ့လင် : " ဟင် "

" ကိုယ် လက်ဆေးခဲ့ပြီးပြီ"
ရှဲ့လင်က သူ့မျက်နှာရှေ့ လက်ဝါးဖြန့်ပြရင်း စောစောက အဆောင်ကိုင်ထားသည့်နေရာ သန့်ရှင်းနေသည်ကို သက်သေပြနေသည်။
" မင်း မေးမယ်ဆိုတာ ကြိုသိလို့ ခုနက ရုံးခန်းထဲမှာ ဆေးလာခဲ့တာ"

တကယ်တော့ ချီချင်းက ဒီလိုကြီး သံသယဝင်ချင်နေတာမဟုတ်။

ရှင်းပြရန် ပါးစပ်ဟလိုက်သော်လဲ ဒီစကားမှမပြောရင် ဘယ်စကားပြောရမည်မှန်း သူမသိတော့။

သူ တကယ်ပဲ‌ ဒေါက်တာဝူကို သွားတွေ့ရန် လိုအပ်နေခဲ့သည်။

ရှဲ့လင်ကတော့ ဒီအကြောင်းကို ကပ်တွယ်မနေခဲ့။ သူ့လိုအပ်ချက်က နည်းနည်းလေးသာ။ သူ့လက်ကို ချီချင်း ပုတ်မချလိုက်တာကပင် သူ့အတွက် ကံကောင်းနေပြီဖြစ်၏။
" မင်း ခုနက ပြောလိုက်တာ မျက်နှာအရေခွံက အလောင်းဆီနဲ့ ပတ်သက်နိုင်တယ်ဆိုတာ ဟုတ်လား"

ချီချင်း လက်‌ချောင်းထိပ်များကို အနည်းငယ် ကွေးလိုက်သည်။ ရေ‌အေးနှင့် ထိထားသည့်အတွက် လက်ဖျားလေးများ အေးစက်နေရာမှ ရှဲ့လင်၏လက်ကြောင့် အနွေးဓာတ်ကို ပြန်၍ ခံစားလာရသည်။
" အဲ့ဒါတင်မကသေးဘူး... ပျောက်သွားတဲ့ သန္ဓေသားအလောင်းနဲ့လဲ သက်ဆိုင်နေမယ်နဲ့တူတယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now