Chapter 18- အရက်တစ်ခွက်

1.1K 265 16
                                    

Unicode

ရှဲလင်ဆိုသည်က အခက်အခဲဘယ်လောက်ရှိရှိ နောက်ဆုတ်တတ်သူမဟုတ်။

... နှလုံးသားမဲ့လိုက်တာ...

... မင်းဆီကို စာပို့တာနဲ့ တက္ကစီငှားတာနဲ့ တူမှမတူတာ..

ဝူကျိလဲ သိချင်စိတ်ပြင်းပြနေသောကြောင့် လင်ကော၏ ဖုန်းကို မျက်စိမခွာတမ်းကြည့်နေသည်။

ဆီရောဆားပါ မရှိသူမှ စာပြန်၏။
... ဘယ်တူပါ့မလဲ...

... တက္ကစီခေါ်ရင် ခင်ဗျားကို အိမ်ရောက်အောင် ပြန်ပို့ပေးမှာ.. ကျွန်တော်ကတော့ ခင်ဗျားကို လမ်းဘေးမှာပဲ အိပ်ခိုင်းမှာ...

ဝူကျိ : "..."

ဒါကြီးကတော့ လူသားမဆန်ရာ ကျလွန်းနေသည်။

သူ ရှဲ့လင်နှင့် အတူပေါင်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၏။ ရှဲ့လင်က တကယ့်တကယ် ဘယ်သူ့ကိုမှ စကားလှလှပြော၍ သိမ်းသွင်းလေ့မရှိသော်လဲ သူ့ကို ပြောပြပေးသော အကြံဉာဏ်များ သိမ်းသွင်းနည်းများက လုံးဝ အကူအညီဖြစ်သည်ချည်းသာ ဖြစ်၏။

သို့သော်လဲ ရှဲ့လင်ကောပုံစံက လုံးဝစိတ်ဆိုးမနေ၍ ဝူကျိတစ်ယောက် အတော်လေး အံ့အားသင့်နေသည်။ ရှဲ့လင်ကောမှာ ဘားအစွန်းကို မှီရင်း ပြုံးစိစိနှင့် စာရိုက်နေသည်။

ရှဲ့လင်ကော ရိုက်နေသည့်စာအရှည်ကြီးပင် ပို့ခွင့်မရလိုက်။ တစ်ဖက်မှ ပုဂ္ဂိုလ်က တအားလက်သွက်ကာ စာနှစ်စောင်အရင်ပို့သည်။ ရှဲ့လင်ကောလဲ ထိုစာကို ဖွင့်ကြည့်လေ၏။

... လမ်းဘေးမှာ အိပ်ဖို့နေရာ အရင်ရှာထားနှင့်လိုက်...

... block မခံချင်ရင် စာ ဆက်ပို့ဖို့ မစဉ်းစားနဲ့...

ဝူကျိတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ကျိမင်ရွေ့က ရှဲ့လင်ကို နှစ်သိမ့်သည်။
" ဘာမှမဖြစ်ပါဘူးဗျာ... ချီမျိုးရိုးအဖိုးကြီးက ဒီလိုပဲ သူ့ကို ရုတ်တရက်ကြီး သွားခေါ်ရင် မလိုက်ဘူး.. မိုး သည်းကြီးမည်းကြီး ရွာလို့ သူ စိတ်ချမ်းသာနေရင်တော့ တစ်မျိုးပေါ့လေ.. အဲ့လိုမျိုးကျရင် လိုက်ချင်လိုက်မှာ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now