Chapter 64- လူနာ

1K 261 21
                                    

Unicode

ရှဲ့လင် စကားပြောနေသည့်အချိန် မျက်ဝန်းတို့က အရည်ကြည်လေးများ ပြည့်နှက်ကာ အရောင်လဲ့နေသည်ကို တွေ့ရသည့်အထိ နီးကပ်နေသည်။ ချီချင်း ဝန်မခံချင်သော်လဲ ရှဲ့လင်၏ အသွင်အပြင် အရမ်းထူးခြားနေသည်ကို ဝန်ခံရပေမည်။

ခဏကြာတော့ ချီချင်းက ရှဲ့လင်ကို ထူပေးရင်း ပြောလိုက်သည်။
" အဲ့ဒီ့နေ့က ခင်ဗျားကို ဘာလို့များ ဆွဲထားမိပါလိမ့်"

ရှဲ့လင် ပြုံးနေ၏။ လှုပ်နိုင်သော ခြေတစ်ဖက်ကို ထောက်၍ ခန္ဓာကိုယ်တစ်ဝက်လုံးကို ချီချင်းပေါ် အားပြုသည်။ သို့သော် ဒီ့ထက်ပို၍ ဘာမှမလုပ်ရဲ။ ချီချင်းကိုယ်လုံးလေးက သေးသေးလေးမို့ နှစ်ယောက်လုံး လဲကျမှာ စိုးရသည်လေ။
" ကိုယ်က ကံကောင်းတာကိုး"

ချီချင်း တိုးတိုးလေးရေရွတ်လိုက်သည်။
" နှစ်ပေါင်းများစွာ ကံဆိုးပါစေဗျာ"

တကယ်တော့ ရှဲ့လင်ဒဏ်ရာက ကြီးကြီးမားမား မဟုတ်။ သီးသန့်ခန်းထဲနေပါက တိုင်းပြည်ရင်းမြစ်ကို အလွဲသုံးစားလုပ်မိမည်စိုး၍ သာမန်လူနာခန်းတွင်သာ နေသည်။ ထို့ကြောင့် သန့်စင်ခန်းက လူနာခန်းအပြင်တွင်သာရှိ၏။
" ကိုယ် ကံကောင်းတာကိုလဲ အပြစ်တင်လို့မရဘူးလေ... ငယ်ငယ်တုန်းက မိန်းကလေးတွေအများကြီး ကိုယ့်ကို ရည်းစားစာ ပေးဖူးတယ်..  ဒါပေမဲ့ ကိုယ်က သူတို့ကို စာကြိုးစားဖို့ပဲ ပြန်ပြောခဲ့တာဆိုတော့..."

" ...အာ"

" ပြီးတော့ သူတို့ကို ဆုံးမသေးတယ်... ငယ်လဲငယ်သေးတော့ နောက် လူတွေအများကြီးနဲ့ တွေ့ရဦးမှာလို့... ကိုယ့်ထက်သာတဲ့သူကို ရှာဖို့ခက်နိုင်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ... လောကကြီးမှာ မမျှော်လင့်ထားတဲ့အရာဆိုတာ အမြဲတမ်း ရှိနိုင်တာပဲကို"

ဒီတစ်ခါတော့ ချီချင်းမှာ နားကြားပြင်း ကတ်လွန်း၍ စကားပင် ဝင်မထောက်ပေးနိုင်။

နေမကောင်းဖြစ်နေလျှင် ရှိရင်းစွဲအသက်ထက် ပိုကြီးသွားသည်ကို ကြားဖူးသလို လက်တွေ့ မြင်ဖူးခဲ့၏။

သို့သော် ရှဲ့လင်၏ စကားမှာ ကလေးဆန်နေသည်ကိုသာ တွေ့ရ၏။

လူနာတစ်ယောက်ဖြစ်ရသည်က အားသာချက်များရှိသည်။ ရှဲ့လင်မှာ လူနာဆောင်တွင် တစ်ယောက်ထဲရှိနေရတာ ပျင်းနေသလို ချီချင်းနှင့်လဲ ရင်းနှီးသော ဆက်ဆံရေးရှိသည့်အတွက် စိတ်ချလက်ချ ထပ်မေးလိုက်သည်။
" မင်း မျက်နှာက ဘယ်လိုဖြစ်နေတာလဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now