Chapter 49 - အမှု ပြီးဆုံးခြင်း

1.1K 302 24
                                    

Unicode

သူတို့နှစ်ယောက်လုံး နားနေခန်းထဲတွင်သာ ထိုင်နေရခြင်းမှာ သူတို့သာ ပွဲစားကျိုး၏ အရှေ့ထိုင်နေခဲ့စဉ်က ထိုပွဲစားကျိုး ချက်ချင်းပင် ကြောက်လန့်တကြားနှင့် ပေါက်ရတွေ ပြောနေသောကြောင့် ဖြစ်လေသည်။ နောက်ဆုံးတော့ ကျိုးကျစ်ရီမှ ခွင့်တောင်းလာသည်။
" သူတို့ကို ထွက်သွားခိုင်းလို့ မရဘူးလားဗျာ"

ထိုသူက စစ်မေးခန်းထဲ ဝင်ဝင်ချင်း တောင်းဆိုချက်နှစ်ခု လုပ်ခဲ့သည်။ ဒုတိယတစ်ခုကတော့ အခန်းပြောင်းခိုင်းခြင်းပင်။

" အခန်းနံပါတ် ၁၃ ပဲလွတ်တယ်"
သူ့ကို ဖမ်းလာသော စုံထောက်က ပြန်ဖြေ၏။
" တခြားအခန်းတွေတော့ မရှိဘူး... ထူးဆန်းတယ်နော်..  ခင်ဗျား အခု စိတ်ပူရမှာက အခန်းပြောင်းဖို့ မဟုတ်ဘူး ... ထောင်ထဲမှာ ဘယ်နှနှစ်နေရမှာလဲဆိုတာကိုပဲ"

ကျိုးကျစ်ရီကို မျက်နှာချင်းဆိုင် စစ်မေးခွင့်မရပေမဲ့ ရှဲ့လင်က စောင့်ကြည့်ခန်းထဲ ဝင်ကာ အခြေအနေ ကြည့်ခဲ့သေးသည်။

ချီချင်းသည်လဲ နှစ်မိနစ်မျှသာ မျက်လုံးမှိတ်လိုက်နိုင်၏။ "မင်း ဒဏ်ရာရသွားမှာ စိုးရိမ်လို့" ဆိုသော စကားက သူ့နားထဲ ပဲ့တင်သံကဲ့သို့ ထပ်ခါထပ်ခါ ကြားနေရသည်။ သူ့နားတွင် ထိုင်နေသူမှာ နားငြီးသည်အထိ စကားပြောသောကြောင့်ဟု ‌တွေးလိုက်သည်။ ထို့ကြောင့် သူ့နားတွင် မရှိတော့ရင်တောင်မှ သူ့အသံကို ထပ်ခါထပ်ခါ ကြားရလေသည်။ အိပ်မရတော့သဖြင့် မျက်လုံးပြန်ဖွင့်လိုက်သည်။
" ခင်ဗျား သွားကြည့်စရာ မလိုဘူးလား"

" ဘာလုပ်ဖို့လဲ"
ရှဲ့လင်က ပြန်မေးသည်။

" စစ်မေးတာ နားထောင်ဖို့လေ"
ချီချင်းက ပြန်ဖြေသည်။
" ဥပမာ ဘာလို့ သတ်တယ်ဆိုတဲ့ အကြောင်း"

" အမ်.. နားမထောင်ပါဘူး"
ရှဲ့လင်က လက်ဖက်ရည်တစ်ငုံသောက်ရင်း ကျိုးကျစ်ရီ၏ ကိုယ်ရေးအကျဉ်းကို လှန်လှောကြည့်နေသည်။
" လူသတ်တဲ့ နည်းလမ်းက နည်းနည်းဒိတ်အောက်နေပြီ... မင်းတောင် ခန့်မှန်းလို့ရတယ်"

"..."

" မင်း နားထောင်ချင်တယ်ဆိုရင် ကိုယ် အကြမ်းဖျင်း ပြောပြမယ်လေ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now