Chapter 80- ချဉ်းကပ်ခြင်း

977 290 39
                                    

Unicode

လျှောက်လမ်းတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်အနေအထားနှင့် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေကြသည်။

ရှဲ့လင်က ချီချင်းရှေ့တွင် ‌ဆောင့်ကြောင့်ထိုင်ရင်း ခေါင်းလေးကို ဖွဖွပုတ်ပေးချင်နေသည်။ အသန့်ကြိုက်ရောဂါကြောင့် ကြောင်ကို သဘောမကျကြောင်း ပြောပြနေသည်ကပင် ချစ်စရာအတိ။
" အဲ့ကြောင်က မင်းအိမ်ကို ဘယ်လိုလုပ် ဝင်လာတာလဲ"

ချီချင်းက သူ့ကိုယ်ပေါ် ကြောင်မွှေးရှိမရှိ ပြန်စစ်ဆေးရင်း အမွှေးများပြောင်အောင် မရှင်းနိုင်သည့် သူ့ကိုယ်သူ ဒေါသထွက်နေသည်။
" ဦးနှောက် ရုတ်တရက် အလုပ်မလုပ်တော့လို့ ဖြစ်သွားတာ... အတိအကျပြောရရင် ကျွန်တော့်ဦးနှောက်ထဲ ရေဝင်သွားတာလေ"

ပုံမှန်ဆိုလျှင် ချီချင်းကို စတင်၍ ချဉ်းကပ်ရဲသူ အတော်ရှားပါး၏။

သူ့ရှေ့တွင် ထိုင်နေသော လူကြီးမင်းရှဲ့က ပထမဆုံး ချဉ်းကပ်ရဲသူဆိုပါက ထိုအမွှေးလုံးက ဒုတိယတစ်ကောင် ဖြစ်ပေသည်။

ထိုကြောင်မှာ ဂုတ်မှ ကိုင်ဆွဲ၍ လွှင့်ပစ်ခံရမည့်အရေးကို မမြင်နိုင်လောက်သည်အထိ မျက်စိအမြင်မကောင်းရှာ။

ကြောင်ထည့်ထားသော သေတ္တာအိတ်လေးနှင့် လိုအပ်သည့် ပစ္စည်းများ သူ့ကို ပေးနေစဉ်က ကြောင်က လူကြောက်တတ်ကြောင်း သူမနားကိုပင် သိပ်မကပ်ရဲကြောင်း ရန်ချင်းက ချီချင်းကို ပြောခဲ့ဖူးသည်။ ထောင့်နားလေးတွင်သာ တစ်ချိန်လုံး ကပ်နေ၍ ဘယ်လောက်ခေါ်ခေါ် အပြင်ထွက်မလာဟု ဆိုသည်။ သို့သော် အပြောနှင့် လက်တွေ့ဆန့်ကျင်စွာ ချီချင်းပင် လက်အိတ်ဝတ်နေရင်း တန်းလန်းကြီး ရှိသေးသည်။ အဆိုပါ အမွှေးလုံးမှာ ဘာမပြောညာမပြောနှင့် သူ့ကိုယ်ပေါ် ခုန်တက်လာသောကြောင့် သူ ရှောင်ချိန်ပင် မရလိုက်။

ထို့နောက်တွင်တော့ ထိုအိမ်မှ လူသားလေးနှင့် အမွှေးလုံးလေးတို့ ဆိုဖာပေါ် ရန်ဖြစ်ကြသည်။ ထို့ကြောင့် ချီချင်းလဲ ဆိုဖာပေါ်မှ ဆင်းကာ အိပ်ခန်းထဲဝင်၍ သော့ခတ်နေရန် ပြင်သည်။ သို့သော် ကြောင်နှင့် လူသားတို့၏ အပြင်းအထန် ပြိုင်ပွဲတွင် အမွှေးလုံးလေးက ခြေတစ်လှမ်းသာကာ ‌ချီချင်း၏ အိပ်ခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now