Chapter 55- ရုပ်ရှင်ရုံ

1.2K 286 39
                                    

Unicode

သူတို့အားလုံးရောက်လာပြီဖြစ်သည့်အတွက် ထိုင်ခုံများဆွဲ၍ ထိုင်ကာ စားသောက်စရာများ မှာကြသည်။

ရှဲ့လင်က စားပွဲအောက်မှ သူ့လက်ကို ချီချင်း မလွှတ်ပေးသေးသောကြောင့် အသံတိုးတိုးနှင့် သတိပေးလိုက်သည်။
" အခု လူတွေအများကြီး မရှိတော့ဘူးလေ"

"..."
ချီချင်းက မျက်နှာတစ်ချက်မပြောင်းပဲ ပြန်ပြောသည်။
" စားပွဲထိုးတွေ ရှိတယ်"

သီးသန့်အခန်းနှင့် lobby မှာ နည်းနည်းအလှမ်းကွာသည်။ စားပွဲထိုးများက ကော်ရစ်ဒါမှနေ၍ ပန်းကန်များ သယ်လာသည်။ ထို့ကြောင့် သီးသန့်အခန်းတံခါးက မကြာခဏ ပွင့်လာကာ ဟင်းပွဲများလဲ စားပွဲပေါ် ရောက်လာသည်။

ဟင်းပွဲများအားလုံး ချပေးပြီး‌တာတောင်မှ ချီချင်း လက်မလွှတ်သေး။ လက်ချောင်းလေးများကို အင်္ကျီလက်အောက်ထဲဝှက်ကာ ထွက်နေသော လက်ချောင်းထိပ်ဖျားလေးနှစ်ခုထဲနှင့် ရှဲ့လင်၏ လက်သူကြွယ်ကို ထိထားသည်။ ဒီတစ်ခါတော့ ရှဲ့လင်အမေးကို မစောင့်ပဲ ကြိုတင်စဉ်းစားထားသော ဆင်ခြေအတိုင်း အရင်ပြောလိုက်သည်။
" နောက်ပြီးရင် စားပွဲထိုးတွေ ပန်းကန်လာသိမ်းတော့မှာ"

ရှဲ့လင် : "အင်း"

ကျန်သူသုံးယောက်လုံးက စားပွဲအောက်မှ အဖြစ်အပျက်များကို မမြင်နိုင်သော်လဲ အခန်းထဲ ဝင်လာစဉ်က ပုံရိပ်ကို သူတို့မမေ့နိုင်ကြ။

ကျန်းယွီနှင့် ဆုရှောင်းလန်တို့က အချင်းချင်း တည်ငြိမ်စွာ ကြည့်နေကြသည်။

ဆုရှောင်းလန်က မျက်ခုံးပင့်သည်။
...ဘာဖြစ်နေတာလဲ မသိဘူး... နောက်မှ မင်ရွေ့ကို မေးရအောင်...

ကျိမင်ရွေ့ကတော့ ခေါင်းငုံ့၍ အစားအသောက်ကိုသာ အာရုံစိုက်နေသည်။ ဟိုနေ့က စောင့်ကြည့်ခန်းထဲတွင် မြင်ခဲ့ရသည်ကို ပြန်မတွေးချင်။ ထို့ကြောင့် ဆုရှောင်းလန်ကို တစ်ချက်စောင်းကြည့်သည်။
.... ထမင်းစားနေတုန်း စကားမများနဲ့ ....

ကျန်းယွီမှာ ကိတ်မုန့်လှီးရသည်ကို မကြိုက်သော အဖိုးကြီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထုံးတမ်းစဉ်လာများကို အလေးမထားပဲ ညစာစား၍သာ မွေးနေ့ကို ရိုးရှင်းစွာ ဖြတ်သန်း၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now