Unicode
ကျိမင်ရွေ့က ပထမဆုံးစာကြောင်းကို စရေးသည်။
" ခင်ဗျားတို့နှစ်ယောက်က တစ်နေကုန် အပြင်မှာ လျှောက်သွားနေပြီးတော့ စိတ်ကျန်းမာရေးဆေးခန်းထဲကိုပါ ဝင်သွားလိုက်သေးတယ်???"" သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးတာပါဗျာ"
ရှဲ့လင်က ပြန်ဖြေသည်။" သူက ခင်ဗျားတို့နောက်ကို မနက်ထဲက လိုက်နေတာလား"
" ဟုတ်တယ်.. သူ့ကားလိုက်လာတာ ကျွန်တော်တို့ မြင်တယ်"
ထို့ကြောင့် ကျိမင်ရွေ့က ချီချင်းဘက်ကို လှည့်သည်။
"အဲ့လူသေတော့ မင်းက ဘာလို့ ထီးဖွင့်ဆောင်းတာလဲ"ချီချင်း : "သွေးလာစင်မှာစိုးလို့"
"..."
ဘယ်လို ထူးဆန်းသော အကြောင်းအရာဖြစ်ဖြစ် မှတ်တမ်းထဲ ထည့်ရေးရပေမည်။
ကျိမင်ရွေ့လဲ သူနှင့် ရဲဝန်ထမ်းအသစ်တစ်ယောက် CCTV စောင့်ကြည့်ခန်းထဲမှ မှတ်တမ်းသွားယူစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် ရဲဝန်ထမ်းအသစ်လေး ပါးစပ်အဟောင်းသားဖြစ်နေ၍ သူ ရှင်းပြလိုက်ရသေးသည်။
" သူတို့ပုံစံက ပုံမှန်မဟုတ်ပေမဲ့ ပြစ်မှုကျူးလွန်နိုင်ချေ လုံးဝမရှိဘူး... သံသယတရားခံ လုံးဝမဟုတ်ဘူး .. ငါ ထပ်ပြောမယ်နော်... သူတို့က သံသယတရားခံမဟုတ်ဘူး... မင်းရဲ့ သံသယအမြင်တွေနဲ့ သူတို့နှစ်ယောက်ကို မကြည့်နဲ့"မှတ်တမ်းမေးနေရင်း ကျိမင်ရွေ့က အရေးအကြီးဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။
" အဲ့ဒီ့SD ကတ် အခု ဘယ်မှာလဲ"" ကျွန်တော့်အိမ်မှာ"
ရှဲ့လင်က ဆက်ပြောသည်။
" စာကြည့်ခန်းထဲက မီးခံသေတ္တာရဲ့ လျှို့ဝှက်နံပါတ်က ကျွန်တော့်အိမ်တံခါးရဲ့ လျှို့ဝှက်နံပါတ်နဲ့ အတူတူပဲ"ကျိမင်ရွေ့ တစ်စုံတစ်ခုကို နားမလည်သလို ခံစားလိုက်ရသည်။
" ခင်ဗျားအိမ်တံခါးရဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်သူသိလဲ"ရှဲ့လင်က ချီချင်းကို လက်ညိုးထိုးပြသည်။
" သူ သိတယ်"ကျိမင်ရွေ့ : "..."
ဝူကျီပင်းက ကျိမင်ရွေ့ပခုံးကို တစ်ချက်ပုတ်ကာ သူနှင့်အတူ လိုက်ထွက်ဖို့ အချက်ပြသည်။
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...