Chapter 11- ကြိုးရာ

1.2K 277 19
                                    

Unicode

ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ သံသယတရားခံနှစ်ယောက် အချင်းချင်း စွပ်စွဲနေကြ၏။

ရှဲ့လင် : " မင်းလဲ လက်ချောင်းထိပ်မှာ ဓားရှရာ ရှိနေတယ်လေ"

ကျိမင်ရွေ့ : " ဒီက လူကြီးမင်းရှဲ့က မင်းရဲ့ လက်ချောင်းထိပ်က ဓားရှရာအကြောင်းကို ပြောလာတယ်ဆိုတော့... ရဲဘော်ချီချင်း .. ရှင်းစမ်းပါဦး"

ချီချင်းက ပွတ်ရလွန်း၍ ရဲနေသော လက်ချောင်းထိပ်ကို‌ မြှောက်ပြသည်။
" ပေါင်မုန့်လှီးတုန်းက ရှမိသွားတာ"

ကျိမင်‌ရွေ့ သေချာကြည့်နေရင်း ဘာဒဏ်ရာဆိုသည်ကို နားလည်သွားသောကြောင့် ချက်ချင်းလက်မြှောက်လိုက်သည်။
" ဒီဒဏ်ရာ... ဒီဒဏ်ရာကို ကျွန်တော်သက်သေလိုက်ပေးလို့ရတယ်... ဟိုတစ်နေ့တုန်းက သူ ပေါင်မုန့်ကို အဲ့လိုမျိုး လွှသွားပုံဓားနဲ့လှီးနေတာ .. ဓားက အသစ်ကြီးရှိသေးတယ် တံဆိပ်တောင်မခွာရသေးဘူး.. ကျွန်တော် မျက်မြင်သက်သေလုပ်ပေးလို့ရတယ်"

ပေါင်မုန့်လှီးရာမှ ဤကဲ့သို့ဒဏ်ရာမျိုး ရနိုင်မည်ဟု ရှဲ့လင် မမျှော်လင့်ထား။
" နောက်ခါ ပေါင်မုန့်လှီးရင် သတိထားဦးနော်"

ချီချင်းက ထိုစကားကို အသိအမှတ်ပင်မပြု။

ခဏကြာတော့ ချီချင်းထံမှ တိုင်ကြားသံ ထွက်လာ‌ပြန်သည်။
" ပြစ်မှုကျူးလွန်ထားတဲ့နေရာမှာ ဓားကိုင်ထားတာအပြင် သူ့မှာ အဲ့လိုဓားမျိုးနောက်တစ်ချောင်း ရှိသေးတယ် .. ငါ သူ့ကားထဲမှာ‌ တွေ့ခဲ့တာ.. ပလတ်စတစ်အိတ်ထဲ ထည့်ထားတယ် "

ကျိမင်ရွေ့ : "..."

ကျိမင်ရွေ့၏ မှတ်စုမှာ အတော်လေး fantasy ဆန်လာသည်။

ကျိမင်ရွေ့က ရှဲ့လင်ဘက် လှည့်ရပြန်သည်။
" ဟုတ်ပြီ.. ရဲဘော်ချီချင်းမှာ အချက်အလက်အသစ်တွေ့ထားတယ်.. လူကြီးမင်းရှဲ့.. ခင်ဗျားရဲ့ဓားအကြောင်းကိုရော ပြောပြပေးလို့ရမလား"

" သဲလွန်စနောက်လိုက်ရင်း စတိုးဆိုင်အထိ ရောက်သွားလို့"
ရှဲ့လင်က ဆက်ပြောသည်။
" လမ်းကြုံ ဝယ်လာခဲ့တာ"

ဒီအရူးကောင်!!

အစတုန်းကတော့ သူတို့နှစ်ယောက် ပြစ်မှုကျူးလွန်သည့်နေရာတွင် တိုက်တိုက်ဆိုင်ဆိုင် ပထမဆုံးတွေ့ဖူးကြခြင်းဖြစ်သည်ဟု ‌ကျိမင်ရွေ့ ‌‌တွေးထားမိသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now