Chapter 17- Bar

1.2K 289 29
                                    

Unicode

ချီချင်းမှာ အတိတ်အကြောင်းကို အိပ်မက်မက်လေ့မရှိ။

ရှဲ့လင်နှင့် သူ အရမ်းကြီးနီးကပ်နေသည့်အတွက် ကြောင်အနေသော်လဲ အခုမှ အိပ်ရာနိုး၍လားမသိ အသန့်ကြိုက်ရောဂါ မထလာသည်ကို သူ သတိထားမိသည်။ ကားထဲမှ ထွက်ပြီးနောက် ရှဲ့လင်ကို ဒုတိယအကြိမ် "ကျေးဇူးပဲ" ဟု ထပ်ပြောလိုက်သည်။

ရှဲ့လင် : " မင်း ကိုယ့်ကို တကယ်ကျေးဇူးတင်ချင်တာ သေချာလို့လား.. စကားနဲ့ချည်းပဲ ကျေးဇူးတင်တာက သုံးလို့မှ မရတာ"

နောက်ပြောမည့်စကားမှာ စကားကောင်းမဖြစ်နိုင်ဟု ချီချင်းတွေးနေမိ၏။

သူ ထင်ထားသည့်အတိုင်း ရှဲ့လင်က အိတ်ထဲမှ ဖုန်းထုတ်၍ လူကြီးလူကောင်းပုံစံနှင့် WeChat ဖွင့်လိုက်သည်။
" မင်းရဲ့ WeChat နံပါတ်ကိုပြော.. ကိုယ် add လိုက်မယ်.. အဲ့ဒါဆို ကျေးဇူးတင်တယ်လို့ သတ်မှတ်လို့ရပြီ"

ရှဲ့လင်က သူ့ဆီမှ WeChat လာတောင်းပေမဲ့ လမ်းပေါ်မှ တွေ့သမျှ လူများနှင့် စကားပြောနေသည့်ပုံမပေါ်။ တကယ်တော့ ရှဲ့လင်ကိုယ်တိုင်က WeChat ခဏခဏ လိုက်တောင်းခံရပုံပေါက်နေသည်။

"တခြားသူရဲ့ WeChat ကို ကိုယ် ပထမဆုံးတောင်းဖူးတာနော်.. "
ရှဲ့လင်က ပြန်ပြော၏။
" တကယ်လို့ မရလိုက်ဘူးဆိုရင် အရမ်းရှက်မိမှာပဲ"

.....

တံခါးမှ သော့ဖွင့်သည့်အသံ တီခနဲ မြည်သွားသည်။

ချီချင်း အိမ်ထဲ ဝင်၍ တံခါးဖွင့်သည်။ အဝင်ဝမှ မီးကိုတော့ မဖွင့်မိ။ တံခါးပြန်ပိတ်ရင်း တံခါးကိုမှီ၍ ဖုန်းပေါ်မှ အနီစက်လေးကို ငုံ့ကြည့်နေ၏။

[အသိပေးစာ အသစ်ရောက်ပါတယ် ]

[ သူငယ်ချင်းအဖြစ် လက်ခံပါမည်လား
လက်ခံမည်.. ငြင်းပယ်မည်]

ချီချင်း၏ WeChat အကောင့်ထဲတွင် သူငယ်ချင်း အနည်းငယ်သာရှိ၏။

စကားမပြောပဲ နေရင်တောင် တည်တင်းနေသော သူ့မျက်နှာကြောင့် လူအတော်များများ ရှိန်ကြသည်။ စကားပြောရင်တော့ အပေါက်ဆိုး၍ လူ မကြိုက်ကြ။  ရုပ်ရှင်သင်တန်းကျောင်းမှ အတန်းဖော်အများစုမှာ သူ့ကို စကားမပြောရဲပေ။ အဆိုပါမတော်တဆမှုအပြီး လူတိုင်းက သူ့ကို 'မျက်နှာလေး သနားကမားနဲ့ မှုန်ကုပ်ကုပ် ကောင်လေး'ဟု တွေးလာကြသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now