Chapter 87- ချိန်းတွေ့ခြင်း အနုပညာ

1.1K 287 63
                                    

Unicode

ချီချင်းက တကယ်တော့ ရှဲ့လင်ကို အာရုံမစိုက်ချင်။ သို့သော် ထိုစာကြောင်းကို ဖတ်ရင်း TV ထဲမှ ဇာတ်ကောင်များအချင်းချင်း ပြောနေသော စကားကိုလဲ နားထဲ မကြားရတော့ပေ။

အမွှေးလုံးလေးက သူ့ခြေထောက်နားတွင် ပွတ်သပ်ကာ အမြီးလေး လှုပ်ယမ်းနေသည်ကိုပင် သူ သတိမထားမိ။

ခုနတုန်းကလိုလဲ စာမပြန်မိ။

နောက်ဆုံးတော့ လက်ချောင်းလေးများ လှုပ်ရှားသွားကာ တစ်လုံးထဲသာ ပြန်ပြောလိုက်သည်။

" ရှိတယ်"

ပြန်ဖြေပြီးနောက်တွင်တော့ တစ်ဖက်လူပြန်ပြောလာမည့်စကားကို စောင့်နေမိသည်။

ရှဲ့လင် ဘာလို့ သူကို ဒီလိုမေးလဲ သူ မသိ။ ဘာ‌အတွေးနှင့် မေးလဲ သူ နားမလည်။

သို့သော် "မျှော်လင့်စောင့်စားခြင်း" ဆိုသော စကားလုံးကို သူ ပထမဆုံးအကြိမ် ကိုယ်တိုင် ခံစားမိလာသည်။

ချီချင်း ဖုန်းကို ခဏကြာသည်အထိ စောင့်ကြည့်နေသည်။ ချီချင်းဘက်မှ တုံ့ပြန်မှု မရှိသည်ကို လေ့လာပြီးနောက် အမွှေးလုံးလေးက တဖြည်းဖြည်းချင်း ချီချင်း၏ ခြေကျင်းဝတ်နား တိုးကပ်လာသည်။

ချီချင်းမှာ ထိုအပြုအမူ သေးသေးလေးကို သတိမထားမိသေး။

သူ တွေးနေသည်က .. လူတွေ အချင်းချင်း စကားပြောကြရင် ဒီလိုခံစားချက်မျိုးလဲ ရှိကြတာကိုး.. ဟူ၍သာ ဖြစ်သည်။

ဖုန်းမျက်နှာပြင်မှာ မန္တာန်ရွတ်လိုက်၍ မှော်အစွမ်း ပေါ်လာသည့်အလား စာကြောင်းလေးတစ်ကြောင်း ပြန်ပေါ်လာသည်။

" အခုချိန်က စပြီး မင်းရဲ့ မနက်ဖြန်က မအားတော့ဘူးနော်"

" မင်းရဲ့မနက်ဖြန်က ကိုယ့်အပိုင်ဖြစ်သွားပြီ"

... မြောင်...

အမွှေးလုံးလေးက ချီချင်း၏ ခြေကျင်းဝတ်ကို ခေါင်းလေးတိုး၍ ပွတ်သပ်နေသည်။ အသံတိုးသဲ့သဲ့ ထွက်လာတော့မှသာ သူ့ခြေထောက်နားမှ ကြောင်မွှေးများကို ချီချင်း သတိထားမိလာတော့သည်။

ချီချင်းမှာ အနှီအမွှေးလုံးလေး ဒီနေ့ကျမှ ဘာလို့ ဒီလောက် တက်ကြွနေလဲ သူ နားမလည်။ သို့သော် အံ့အားသင့်စရာကောင်းလောက်အောင် စိတ်ကြည်နေသည့်အတွက် မီတာရှစ်‌ရာလောက်အထိ မကန်ထုတ်ပစ်သလို ရန်ချင်းအိမ်သို့ တံခါးသွားခေါက်ရန် ပြန်ပေးရန်လဲ စိတ်မကူးတော့။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now