Chapter 5- ကြောင် အလောင်း

1.5K 292 7
                                    

Unicode

လူသားတိုင်း၏ ရင်ထဲတွင် သိမ်းဆည်းထားသော လျှို့ဝှက်ချက်များ ရှိကြသည်။

ချီချင်း ကားထဲမှ ထွက်တော့ သူတို့အိမ်ရာ၏ အဝင်အထွက်ကို တာဝန်ယူထားရသော အစောင့်ဦးလေးကြီးက ဝတ်နေကျ စစ်စိမ်းအနွေးထည်ကိုဝတ်ကာ ဝင်ထွက်သွားလာနေသူများအားလုံးကို ပြုံး၍ နှုတ်ဆက်နေသည်။
" ‌မင်္ဂလာပါ..  ဂရုစိုက်သွားကြပါ ခင်ဗျ"

ထိုဦိးလေးကြီးက အိမ်ရာတွင် နေထိုင်ကြသူတိုင်းနှင့် သဟဇာတဖြစ်၏။
" ခွေးကျောင်းထွက်မလို့လား... ဝမ်ချိုင်လေးက အရင်နေ့တွေကထက်တောင် ပိုလန်းလာသလိုပဲ"

သူတို့အားလုံးက ထိုဦးလေးကြီးကို တက်တက်ကြွကြွရှိကာ အကောင်းမြင်တတ်သူတစ်ဦးဟု ထင်ကြသည်။ ထိုဦိးလေးကြီး စိတ်ကျရောဂါခံစားနေရသည်ကိုတော့ ချီချင်းမှလွဲ၍ ဘယ်သူမှ မသိ။ ဦိးလေးကြီး၏ မျက်နှာပေါ်မှ အပြုံးမှာ ဟန်ဆောင်မျက်နှာဖုံးသက်သက်သာ ဖြစ်ကာ ညစဉ်ညတိုင်း မျက်နှာကျတ်ကို မော့ကြည့်ရင်း သူ့ကိုယ်သူ ဘာလို့ အသက်ရှင်နေသေးလဲဆိုသည်ကိုသာ မေးတတ်လေသည်။

" တီ"
တံခါး ပွင့်သွားသည်။

ချီချင်း မျက်လုံးမော့ကြည့်တော့ ဦးလေးကြီးက ထုံးစံအတိုင်း အပြုံးမပျက်။

သူနေထိုင်ရာ ရပ်ကွက်မှာ လူနေစိပ်၍ အဆောက်အအုံကြီးများ အပြည့်ရှိသည်။ ချီချင်း ဝင်ပေါက်ကို ဖြတ်လာတော့ လေကာဦ်းထုပ်ခပ်ကြီးကြီးဆောင်းကာ သန့်ရှင်းရေး ပစ္စည်းများကို ထည့်ထားသော လှည်းကိုတွန်းနေသော သန့်ရှင်း‌ရေးဦးလေးကြီးကိုလဲ ‌တွေ့လိုက်ရသည်။ အလုပ်ပင်ပန်းသောကြောင့်လားတော့မသိ။ ခါးကုန်းနေသော ထိုဦိးလေးကြီးမှာ ရှိရင်းစွဲအသက်ထက် ပိုကြီးသည်ဟုပင် ထင်ရသည်။

အရင်လကမှ သူ့မိန်းမ ဆုံးသွားခြင်းဖြစ်၏။

ကြင်နာတတ်သော နေထိုင်သူတစ်ဦးက သူ့အတွက် ပလတ်စတစ်ဘူးများ စုထုတ်ထားသည်ကို လှမ်းပေးရင်း တိုးတိတ်စွာ စကားစသည်။
" ဝမ်းနည်းပါတယ်ရှင်"

ထိုဦးလေးကြီးမှာ အမှန်တကယ် စိတ်ထိခိုက်နေပုံရကာ မျက်လုံးများ နီရဲနေလေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now