Chapter 84 - ဖွင့်ဟဝန်ခံခြင်း

1K 341 42
                                    

Unicode

~~~ မင်း ကိုယ့်အတွေးတွေ ကြားနေရတယ်ဆိုတာ ကိုယ် သိတယ်~~~

ချီချင်း၏ တစ်ကိုယ်လုံး မီးနှင့်အတို့ခံလိုက်ရသလို တံခါးဖွင့်ရန် လှမ်းနေသော လက်က တုံ့ဆိုင်းသွား၏။

ကားထဲတွင် တိတ်ဆိတ်နေကာ စကားပြောနေသူ တစ်ယောက်မှ မရှိ။ နှစ်ယောက်သား၏ အသက်ရှူသံသဲ့သဲ့နှင့် ရှဲ့လင်အရှေ့တိုးလာသည့်အခါ ကြားရသော အင်္ကျီစပွတ်တိုက်သံတို့သာ ရှိနေသည်။ ရှဲ့လင်၏ အက်ကွဲကွဲအသံကသာ စကားသံဟု သတ်မှတ်နိုင်သည့် အနေအထားတွင် ရှိ၏။

ရှဲ့လင်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားကာ တဖန် ပြန်ဖွင့်လာရင်း ချီချင်းအကြောင်း သူ ခန့်မှန်းထားမိသမျှကို စိတ်ထဲမှ တတွတ်တွတ် ပြောနေမိသည်။

~~~ အစတုန်းကတော့ မင်း အရက်မူးနေတဲ့အခါတိုင်း ထူးထူးဆန်းဆန်း အသံတချို့ ကြားရတယ်လို့သာ ကိုယ်ထင်ခဲ့တာ... အဲ့ဒီ့အသံထဲမှာ ရန်ချင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေလဲ ပါမယ်.. အဲ့ဒါကြောင့် သူ့မှာ အန္တရာယ်ရှိနေတဲ့အကြောင်း ‌မင်း သေချာသိနေခဲ့တာ... ဒါပေမဲ့ ကိုယ်ခန့်မှန်းရမဲ့ နယ်ပယ်က ကြီးလွန်းလို့ အရမ်းခက်ခဲခဲ့တယ်~~~

~~~ မင်း အရက်သောက်မိပြီး တစ်လလောက်အထိ ကိုယ့်အနားကို တမင်တကာ ရောက်လာတတ်တယ်.. အဲ့ဒီ့တော့ မင်းကြားနေရတဲ့ 'အသံ'ဆိုတာနဲ့ ကိုယ့်ကြားမှာ ဆက်နွယ်မှုတစ်ခု ရှိနိုင်တယ် ~~~

~~~ ကိုယ့်ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မင်းရဲ့လျှို့ဝှက်ချက်က သူများတွေရဲ့ အတွေးတွေကို ကြားနေရတာ ဒါပေမဲ့ ဒီကောက်ချက်က ယုံကြည်နိုင်စရာ မကောင်းဘူးလေ ~~~

~~~ တကယ်တော့ သေချာတွေးကြည့်မယ်ဆိုရင် မင်းက သူများတွေရဲ့စကားကိုရော ခံစားချက်ကိုပါ နားထောင်မဲ့သူမှ မဟုတ်ပဲ.. တခြားသူ ပြုံးနေရင်တောင် ပျော်လို့ပြုံးနေတာလား ခါးခါးသီးသီးပြုံးနေတာလား မခွဲခြားတတ်တဲ့သူ..  ဒါပေမဲ့ တခြားသူ ဘာပြောချင်နေတယ်ဆိုတာကိုတော့ မင်း အမြဲတမ်း နားလည်နေခဲ့တယ် ~~~

~~~ အဲ့ဒါကြောင့်သာ မင်း လက်အိတ်အမြဲဝတ်ထားခဲ့တာ..  သူများတွေရဲ့ လက်နဲ့ ထိမိမှာ စိုးလို့~~~

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now