Chapter 38- အတည်ပြုချက်

1K 248 23
                                    

Unicode

သူတို့အားလုံး ကြောင်အကာ တိတ်ဆိတ်နေကြသည်။

နောက်ဆုံးမှ ရှဲ့လင်၏အသံ ထွက်လာသည်။
" ရွှယ်မေ့အိမ်နီးချင်း ဘယ်မှာလဲ"

ဘေးတွင် မှတ်စုထိုင်ရေးနေသည့်ရဲအရာရှိက ပြန်ဖြေသည်။
" ထိန်းသိမ်းနိုင်တဲ့ အချိန်ကျော်သွားပြီ ဒဏ်ကြေးလဲ ဆောင်ပြီးတာနဲ့ ပြန်လွှတ်လိုက်ပါတယ်"

ဆံပင်တိုနှင့်လူမှာ ဒီနေ့အလုပ်ပိတ်၍ အိမ်တွင် တနေကုန် ဂိမ်းထိုင်ဆော့နေသည်။ သူ့ဘေးတွင် တင်ထားသော ခေါက်ဆွဲပြုတ်ပန်းကန်ထဲမှ  အငွေ့တထောင်းထောင်းထနေသည်။

တံခါးခေါင်းလောင်းမြည်သည့်အချိန်တွင်  ခေါက်ဆွဲနှစ်လုပ်ပင် မစားရသေး။

တံခါးဟ၍ ချောင်းကြည့်တော့ လက်ခေါက်ထားတင်ထားသော ရှပ်အင်္ကျီနှင့် ဘယ်လက်သူကြွယ်မှ ငွေရောင်လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ ရှဲ့လင်က တံခါးဟထားသည့်ကြားမှ နှုတ်ဆက်လိုက်သည်။
" ဘာတွေစားနေတာလဲ.. ကျွန်တော်တို့ အရင်က တွေ့ဖူးကြတယ်လေ.. မှတ်မိသေးလား"

" မှတ်မိတာပေါ့"
ဆံပင်တိုနှင့်လူက တံခါးဖွင့်သည်။
" ခင်ဗျားတို့ ဘာလို့ရောက်လာတာလဲ"

ရှဲ့လင်တစ်ယောက်ထဲ ရောက်လာသည်မဟုတ်။ ရဲဝတ်စုံနှင့် စုံထောက်သုံး‌ယောက်အပြင် အရင်တစ်ခေါက်က လမ်းပေါ်တွင် ရဲဖမ်းခံလိုက်ရသည့် လက်အိတ်ဝတ်ထားသော လူတစ်ယောက်ပါ ပါသေးသည်။

ဘာတွေဖြစ်နေလဲ သူ နားမလည်နိုင်။ ဘောင်းဘီနှင့် လက်သုတ်ရင်း မေးလိုက်သည်။
" ဘာဖြစ်လို့လဲ.. ချောင်းကြည့်တာကလွဲပြီး ကျွန်တော် ဘာမှထပ်မလုပ်ပါဘူး"

သို့သော် ရဲများအားလုံးက သူ့စကားကို လျစ်လျှူရှု၍ တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲဝင်သွားကြသည်။

တစ်ယောက်သောသူကသာ တံခါးဝတွင် မလှုပ်မယှက် ရပ်နေသည်။

ရှဲ့လင်လဲ အိမ်ထဲရောက်ပြီးတော့မှ တစ်ယောက်ပါမလာမှန်း သိလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ချီချင်းက ခြေလှမ်းတစ်လှမ်းပင် မရွေ့။
" မဝင်တော့ဘူးလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now