Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း

1.7K 311 9
                                    

Unicode

....တီ.....

....တီ တီ....

မိုးသည်းနေသည်က မရပ်သေးသလို ကားလမ်းကလဲ ပိတ်နေဆဲပင်ဖြစ်၏။ ကားထဲရောက်တော့ သူနှင့် ကျိမင်ရွေ့ နှစ်ယောက်ထဲသာ ရှိတော့သည်မို့ ချီချင်း နည်းနည်းလေး စိတ်လက်ပေါ့ပါးသွားသည်။ လက်အိတ်က မိုးရေစိုထားသောကြောင့် နေရခက်လာသည့်အတွက် သူ လက်အိတ်နှစ်ဖက်လုံး ချွတ်ပစ်လိုက်သည်။

စိတ်ကောင်းဝင်နေသော ကျိမင်ရွေ့မှာ ကားဒီလောက် ကြပ်နေတာတောင်မှ ညည်းတွားခြင်းမရှိ။ ချီချင်းလက်ထဲမှ လက်အိတ်များကို တစ်ချက်လှမ်းကြည့်သည်။
" နောက်ဆုံးတော့ လက်အိတ်ချွတ်ပြီပေါ့"

ချီချင်း : " မင်းမှာ ပိုးသတ်ဆေးရှိလား"

"မရှိဘူး"

" အရက်ပြန်ဆိုလဲ ရပါတယ်"

" မရှိဘူး"
ကျိမင်ရွေ့က ဆက်ပြောသည်။
" ငါက သာမန်ယောက်ျားလေးတစ်ယောက်လေ.. ကားထဲမှာ တစ်ရှူးဘူးရှိနေတာကိုတောင် ကျေးဇူးတင်လိုက်ဦ်း"

ကျိမင်ရွေ့က ပြောရင်းဆိုရင်း တစ်ရှူးဘူး လှမ်းပေးလိုက်သည်။

လက်ချင်းထိမိသွားသည့်ခဏ၌ ဗလုံးဗထွေး ပြစ်တင်သံတစ်ခုကို ကြားလိုက်ရပြန်သည်။
~~~ ချီချင်းဟာလေ တော်တော်သောက်လုပ်ပေးတဲ့ကောင်... သူ့ကို လုပ်ပေးရတာ အဖိုးကြီးကို လုပ်ပေးရတဲ့အတိုင်းပဲ~~~

ချီချင်း : "..."

ထိုအချိန်တွင် မီးပွိုင့်မှ အချက်ပြပြီး ပြောင်းသွားသည်။ ထိုလမ်းဆုံ၏ တစ်ဖက်တွင် ဒီနေ့အမှု၏ ဇာတ်လိုက်ဖြစ်သူ ဝမ်အဖွားနေထိုင်သည့် လူနေအိမ်ရာရှိသည်။ ဟိုင်မောင်းလူနေအိမ်ရာ၏ ဂိတ်တံခါးမှာ တင်းကြပ်စွာ ပိတ်နေကာ အဝင်အထွက် တာဝန်ယူထားရသည့် လုံခြုံရေးအစောင့်က ကင်းတဲထဲ ထိုင်ကာ ငိုက်နေသည်။

မိုးခြိမ်းသံများ လျှပ်စီးများ ပြိုးပြိုးပျက်ပျက် လက်နေသည်က ကောင်းကင်ကြီး နှစ်ခြမ်းကွဲတော့မည့်အလားပင်။ မှောင်မဲနေသည့် ညခင်းကို အလင်းဆောင်လိုက်သည့်အတွက် မဟော်ဂနီရောင် ထနေသော သွေးချောင်းငယ်တစ်ခုက မိုးရေနှင့်အတူ လမ်းကြားမှ ရေမြောင်းထဲသို့ စီးဝင်သွားလေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now