Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း

959 278 38
                                    

Unicode

ရှဲ့လင်မေးခွန်း၏ အဓိပ္ပါယ်ကို ချီချင်း သေချာသဘောမပေါက်။

အဖြေပြန်ရပြီးနောက်တွင်တော့ ရှဲ့လင်တစ်ယောက် အမဲသားကို ဓားနှင့်တစ်လွှာချင်း ပိုင်းဖြတ်နေသည့် ချီချင်းကို ကြည့်ရင်း စောစောက စိတ်ကူးထားသည့် စကားစများအားလုံး လေထဲ မျောပါသွားရလေသည်။

အမှန်အတိုင်းပြောရပါက သူ့ထက်သဘောကျစရာကောင်းသူမျိုး ချီချင်းတွင် ရှိနေသည်ကို သူ လက်မခံနိုင်။

အခုချက်ချင်းကြီး တိုက်ပေါ်က ခုန်ချကာ လူသေလုပ်လို့လဲ မရသည့်အတွက် ငြိမ်သာ ငြိမ်နေလိုက်ရ၏။

ထိုနေ့က ညစာစားကြသည့် ထမင်းဝိုင်းတွင် ခါတိုင်း ပေါက်ပေါက်ဖောက်မတတ် စကားပြောတတ်သည့် ရှဲ့လင်တစ်ယောက် အင်မတိအင်မတန် တိတ်ဆိတ်နေသည်ကို ချီချင်း သတိထားမိ၏။ ထမင်းကို တိတ်ဆိတ်စွာ စားကာ ပန်းကန်ခွက်ယောက်များ တိတ်တိတ်လေး ဆေးကြောသည်။ ထို့နောက် ကြောင်ပန်းကန်ကိုလဲ တိတ်တိတ်လေး ဆေးရင်း ကြောင်ချေးများကိုပါ အသံမထွက်ပဲ ကျုံးပေးနေသည်။

ထို့ကြောင့် ရှဲ့လင်ကို အိမ်တံခါးဝထိ လိုက်ပို့ပေးချိန်တွင် ချီချင်း မနေနိုင်ပဲ မေးမိသည်။
" ကျွန်တော် ဒီနေ့ချက်တဲ့ဟင်း စားမကောင်းလို့လား"

ရှဲ့လင်လဲ အိမ်ပြန်ရောက်မှ ပိုတိကျသော အစီအစဉ် ဆွဲရန် တွေးနေသည်။
" မဟုတ်ပါဘူး... အခုတလော ကိုယ့်ဘဝမှာ အတက်အကျတွေ အရမ်းများနေလို့ပါ"

ခုနကတောင် သူတို့ ထမင်းအတူ စားနေကြသေးတာလေ...  ဘယ်က အနိမ့်အမြင့်တွေ အတက်အကျတွေ ရောက်လာရသေးတာလဲ...

သို့သော် ချီချင်း မတွေးမိသည်က ရှဲ့လင်ဘဝ၏ အကြီးမားဆုံး အတိဒုက္ခမှာ သူကိုယ်တိုင် ဖြစ်နေခြင်းကိုပင်။

ရှဲ့လင်ကတော့ အိမ်ပြန်ရောက်ရောက်ချင်း ရေမိုးချိုးကာ ဝူကျိကို ဖုန်းခေါ်သည်။

ရေစက်များနှင့် စိုရွှဲနေသော ဆံပင်ကို တဘက်နှင့် သုတ်ရင်း ရှဲ့လင် မေးလိုက်သည်။
" ငါ မင်းကို တစ်ခုမေးမယ်.. ငါ မင်းကို သင်ပေးဖူးတဲ့ နည်းလမ်းတွေထဲမှာ ဘယ်တစ်ခုက အသုံးဝင်ဆုံးလဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now