Chapter 31- အိမ်နီးချင်းများ

1K 238 17
                                    

Unicode

အသက်ရှင်လာသော အနှစ်နှစ်ဆယ်အတွင်း အဆိုပါဖော်ပြချက်နှင့် ကိုက်ညီသူဟူ၍ လူတစ်ယောက်ကိုသာ ရှဲ့လင်တွေ့ဖူးသည်။

ရှဲ့လင်လဲ ကားနောက်ခုံကို အားပြု၍ မတ်မတ်ထိုင်ကာ အရှေ့မှ စုံထောက်ကို ဘေးဖယ်ခိုင်း၍ သူကိုယ်တိုင် နောက်ကြည့်မှန်ထဲသို့ ကြည့်လေသည်။

နောက်ကြည့်မှန်ထဲတွင် လမ်းပေါ် ‌လျှောက်သွားနေသော လူများစွာ ရှိနေသည်။ သို့သော် ချက်ချင်းပင် သူရှာနေသူကို တွေ့လိုက်ရသည်။ ထိုသူ၏သံသယဖြစ်ဖွယ် အပြုအမူက လူအုပ်ကြားထဲ ထင်းနေသည်။ အနက်ရောင် ခေါင်းစွပ်အင်္ကျီနှင့် နေရောင်အောက် ဖြူဆွတ်နေသော အသားအရည်.. ရဲရဲနီနေသော နှုတ်ခမ်းတစ်စုံက သံသယဖြစ်စရာကောင်းသလို အလွန်အမင်းစိတ်ရှုပ်နေပုံကိုလဲ ပြနေသလိုပင်။

ကားရှေ့တွင် ထိုင်နေသော မှုခင်းရဲမှာ လျို့မျိုးရိုးဖြစ်သည့်အတွက် ဝူကျီပင်းက ရှောင်လျို့ဟု ခေါ်သည်။ ရှောင်လျို့မှာ အလုပ်ကို စိတ်နှစ်ထားသူဖြစ်ကာ တစ်ချိန်လုံး သတိကြီးစွာ ထားသူဖြစ်၏။ သူက အတိအကျ ထပ်ပြောပြန်သည်။
" သူ တောက်လျှောက်ကို လိုက်လာတာပဲ"

ရှဲ့လင်လဲ နောက်ဆုံးမှ စကားစသည်။
"  ကျွန်တော် သိတယ်"

ဆံပင်တိုနှင့်လူမှာ သူတို့ရှိနေသည့်နေရာနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ရှဲ့လင်က ထိုင်ခုံကို ပြန်မှီရင်း ကားတံခါး အချိန်မရွေး ဆွဲဖွင့်နိုင်ရန် အသင့်ပြင်ထား၏။
" အရှေ့ကတစ်ယောက်ကို ခင်ဗျားတို့ ရအောင်ဖမ်း.. အနောက်ကတစ်ယောက်ကို ကျွန်တော် တာဝန်ယူလိုက်မယ်.. စိတ်ပူစရာမလိုဘူး"

ထျန်းရွေ့ရပ်ကွက်နား ရောက်လာသည်နှင့်အမျှ ဆံပင်တိုနှင့်လူလဲ ခြေလှမ်းများနှေးလာသည်။ လမ်းပေါ်တွင် အရပ်ဝတ်ရဲများ ရှိနေမလားဟူ၍ သေသေချာချာ လိုက်ကြည့်သည်။ ထို့နောက် သတိမထားနိုင်သောအချိန်တွင် ရပ်ကွက်ထဲ ဝင်သူများနှင့်ရော၍ အထဲဝင်ရန် အချိန်ကောင်းကိုစောင့်နေသည်။

ရာသီဥတုအေးသောကြောင့် လက်နှစ်ဖက်ပွတ်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now