Chapter 10- Turning Point

1.1K 268 14
                                    

Unicode

" ဒင်း.. ဒေါင်"

နာရီလက်တံ ၁၁ သို့ ပြောင်းလဲသွားသည်။

အမြဲတစေ ဆူညံနေတတ်သည့် ယုံအန်းရဲစခန်းတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေ၏။

တစ်စုံတစ်ယောက်က pause ခလုတ်ကို နှိပ်ထားသည့်အလား လက်ရှိအလုပ်များမေ့ကာ သူတို့အားလုံး ရပ်တန့်နေကြသည်။

ရေနွေးဖြည့်လာသော ကျိမင်ရွေ့မှာ ထိုင်ခုံဆွဲထုတ်၍ ထိုင်ခါနီးအနေအထားနှင့် တောင့်တင်းနေ၏။

သူတို့ရုံးခန်းထဲ ရောက်လာသော‌ ရေနစ်ကြွက်‌စုတ်လေးနှစ်ကောင်ကို ဘယ်လိုယူဆလိုက်ရမလဲ သူ မသိ။

ရှဲ့လင်နှင့် ချီချင်းတို့နှစ်ယောက်လုံးမှာ ရေထဲမှ ဆယ်ယူထားရသကဲ့သို့ စိုရွှဲနေကြ၏။ သူတို့ပုံစံကို ကြည့်ရုဲမျှနှင့်တော့ ရဲစခန်းမရောက်ခင် သူတို့ဘာဖြစ်ခဲ့သည်ကို ဘယ်သူမှ စိတ်မကူးနိုင်ကြ။

ဧည့်တွေ့ခန်းထဲတွင် သစ်သားထိုင်ခုံနှစ်လုံးရှိပြီး သူတို့နှစ်ယောက်က ထိုခုံနှစ်ခုံတွင် နေရာယူထားကြသည်။ နှစ်ယောက်လုံး အရပ်အမောင်းကောင်းသူများဖြစ်ကြ၍ ခြေတံရှည်ကြီးများနှင့် ထိုင်နေကြသည်မှာ အတော်ကြည့်ကောင်း၏။

သို့သော် သူတို့နှစ်ယောက်ပုံစံက ရင်းနှီးနေဟန်မရှိ။ ထို့ကြောင့် ချောမောလှပ လိုက်ဖက်မှုများအားလုံး ပျောက်ကုန်သည်။ အထူးသဖြင့် သူ့သူငယ်ချင်းချီချင်းမှာ တစ်ချိန်လုံး တင်းမာနေသော မျက်နှာထားနှင့် ရဲစခန်းထဲ ဆွဲခေါ်ခံလာရပြီးနောက် လက်ပိုက်ရင်းထိုင်နေသည်။

.....

အချိန်‌အတော်ကြာပြီးနောက်တွင်တော့ အမှုတာဝန်ခံသုံးယောက်လုံး စကားပြောနိုင်စွမ်း ပြန်ရလာသည်။

ဆုရှောင်းလန် : "အမ်"

ကျန်းယွီ: " ဒါ "

ကျိမင်ရွေ့ : " မင်းတို့နှစ်ယောက်က..."

အဆိုပါအခြေအနေက မမျှော်လင့်ထားစရာဖြစ်သော်လဲ ခြောက်ခြားစရာအကောင်းဆုံးတော့မဟုတ်သေး။ ကြောက်ဖို့အကောင်း‌ဆုံးက နောက်တစ်ခုရှိသေးသည်။ ဝင်လာကတည်းက လည်စည်းနှင့်တွဲချည်ထားသော လက်နှစ်ဖက်ကို သူတို့သုံးယောက်လုံး မျက်စိမခွာနိုင်ကြ။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now