Chapter 78- အတည်ပြုချက်

981 286 37
                                    

Unicode

" ဒီနေ့ ဒီမှာရှိနေကြသူအကုန်လုံး လူကောင်းတွေ အဖြစ်နဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ပါစေလို့ဆုတောင်းရင်း ဒီဟောပြောပွဲကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်ဗျာ ..  နောက်ထပ်ဟောပြောပွဲ အချိန်ကို ကြိုတင်အသိပေးပါ့မယ်.. ဒီပို့ချချက်ကြောင့် စိတ်တွေ ရှင်းလင်းသွားနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်ဗျာ"

"နောက်ထပ် ဟောပြောပွဲတွေ လာချင်ရင် ဒီမှာ တစ်ခါထဲ စာရင်းပေးသွားလို့ ရပါတယ် စိတ်ကျန်းမာရေးဆိုတာက တစ်ချိန်ထဲ တစ်နေရာထဲမှာ နားထောင်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားနိုင်တာမဟုတ်ဘူးလေ.. ရေရှည်...."

စင်မြင့်ပေါ်မှ ဟောပြောပွဲမှာ အဆုံးသတ်သို့ ရောက်နေပြီဖြစ်၏။

ထိုသူ၏ စိတ်ရှင်းလင်းရေး ပို့ချချက်မှာ ချီချင်းအပေါ် နည်းနည်းလေးပင် မသက်ရောက်။ ရှင်းလင်းရမည့်အစား ချီချင်းစိတ်ထဲ ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

ရှဲ့လင်ပြောသည့် စကားလုံးတစ်လုံးချင်းစီကို သိနေသော်လဲ စာကြောင်းတစ်ခုလုံး စုစည်းသွားသည့်အခါတွင်တော့ အဓိပ္ပါယ်ဖော်မရတော့။

သူ့ကို တစ်ညလုံး ကြည့်နေတာ....

ဘာလို့လဲ .. သူ့ကို ဘာကြည့်စရာရှိလို့လဲ...

ချီချင်း လက်ချောင်းလေးများ ပြန်ရုတ်ရန် ပြင်လိုက်သည်။ ရှဲ့လင်၏ လက်ကို သူ အကြိမ်ပေါင်းများစွာ ထိ ကိုင်ခဲ့ဖူး၏။ ပထမတော့ စက်ဆုပ်မိပေမဲ့ နောက်ပိုင်း သူကိုယ်တိုင်ကပင်စ၍ ကုထုံးအမည်ခံကာ လက်သွားကိုင်ခဲ့ရဖူးသည်။ သို့သော် မီးအလောင်ခံလိုက်ရသည့်အလား တွန့်လိမ်၍ ပြန်မရုတ်ဖူးခဲ့။ ခုခံနေသည်က လွတ်မြောက်ချင်သည့်အလား။ ထိုတုံ့ပြန်မှုမျိုး ဘယ်သူနှင့်မှ မဖြစ်ခဲ့ဖူး။

စောစောက သေချာမရပ်၍ ယိုင်သွားသောလူက တောင်းပန်စကားဆိုလာသည်။
" မတော်လို့ပါဗျာ.. တောင်းပန်ပါတယ်"

ရှဲ့လင်က အပြုံးမပျက်ပဲ ယဉ်ကျေးစွာ ပြန်ပြောနေသည်။
" ရပါတယ်ဗျ.. ဒီနားက မီးရောင်သိပ်မရလို့ မမြင်တာ ခင်ဗျားအပြစ်မဟုတ်ပါဘူး"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now