Chapter 75- နှလုံးခုန်သံ

1K 280 44
                                    

Unicode

" လက်ရှိအမှုကိုတော့ အောင်မြင်စွာ ဖြေရှင်းလိုက်နိုင်ပြီလို့ ပြောနိုင်ပါတယ်ရှင်"

" ဟူထိုင်လမ်းပေါ်မှာရှိတဲ့ ထိုင်းအဆောင်လက်ဖွဲ့ပစ္စည်းအရောင်းဆိုင်သည် တရားမဝင်လုပ်ရပ်များတွင် ပါဝင်မှုကြောင့် ပိတ်သိမ်းလိုက်ရပါတယ်..  ယနေ့ခေတ် ၂၁ရာစုမှာတောင် ဒီလိုလုပ်ရပ်မျိုး ရှိနေသေးကြတဲ့အတွက် တကယ်ပဲ အံ့ဩမိပါတယ်.. ကျွန်မတို့နိုင်ငံဟာ ဒီလို အယူသီးမှုမျိုးကို ချိုးဖျက်နိုင်ခဲ့ပြီလို့ ထင်ခဲ့ရသော်လဲ..."

ရေချိုးခန်းထဲမှ ထွက်ကာ ခေါင်းသုတ်ရင်း ချီချင်းက TV တွင် လာနေသည့် သတင်းအစီအစဉ်ကို ကြည့်နေသည်။

အဆိုပါသတင်းဌာနမှာ ထိုအမှုအကြောင်း အသေးစိတ် စုံစမ်းထားပုံရပြီး မှုန်ဝါးထားသော ဓာတ်ပုံအမြောက်အမြားနှင့် ဝေဝေဆာဆာ တင်ဆက်ထားလေသည်။

ချီချင်း ခေါင်းသုတ်နေရင်း ကြည့်နေရာ များပြားလှသော ဓာတ်ပုံများထဲမှ သူနှင့် ရှဲ့လင်ပုံပါ ရုတ်တရက်ပါသွားသည်ကို တွေ့လိုက်ရသည်။ မျက်နှာရှေ့တည့်တည့်မှ ရိုက်ထားတာမဟုတ်သော်လဲ သူတို့နှစ်ယောက်၏ ပုံပန်းသွင်ပြင်က သူများနှင့်မတူသောကြောင့် သိသာနေသည်။ ရှဲ့လင်၏ ခြေထောက်တွင် ကျောက်ပတ်တီး ရှိနေဆဲဖြစ်ကာ လက်တစ်ဖက်က အားမရှိသည့်အလား ‌လူတစ်ယောက်ပခုံးပေါ် တင်၍ မှီထားသည်။ ထို့အပြင် အနောက်မှ လူတစ်ယောက်ကို လက်ပြနှုတ်ဆက်နေသည့်အချိန် ရိုက်ထားသည်ဖြစ်ရာ လက်သူကြွယ်မှ ငွေလက်စွပ် ပါးပါးလေးကိုပါ အတိအကျ ရိုက်မိလျက်သား။

ရှဲ့လင်၏ အမှီခံထားရသူမှာတော့ ပိန်ပါးပါး ဆံပင်ရှည်ရှည်နှင့် ဖက်ရှင်နှင့် သိပ်မလိုက်သော လက်အိတ်မည်းတစ်စုံကို ဝတ်ဆင်ထားလေသည်။ ဘေးတွင် ရှိနေသူကို အသက်ရှိနေသည်ဟုပင် မထင်သည့်အလား ခေါင်းလေးတစ်ချက်တောင် စောင်းငဲ့မကြည့်။

ထိုဓာတ်ပုံကို ပြသရင်း သတင်းတင်ဆက်သူက ဖတ်ပြနေသည်။
" အဆိုပါ အမှုကိုတော့ တောင်တရုတ်ပြည်သူ့ရဲဌာနရုံးချုပ်က စုံစမ်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်.. အဖွဲ့ထဲမှာ အထူးစုံစမ်းရေးမှုခင်းရဲအရာရှိများနဲ့အတူ အထူးခန့်အပ်ထားတဲ့ အမှုအကြံပေးတွေအထိ ပါရှိပါတယ်.. သူတို့ရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းမှုကြောင့်သာ ပြည်သူတွေ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်တဲ့အပြင် အမှုအခင်းတွေ တစ်နှစ်ပြီးတစ်နှစ် လျော့ပါး...."

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now