Chapter 16- အတိတ်

1.3K 282 15
                                    

Unicode

ဝူကျီပင်း စိုက်ကြည့်နေသည်ကို ချီချင်း သတိမထားမိ။ အရမ်းအိပ်ချင်နေ၍ မျက်လုံးမမှိတ်မိအောင် သတိထားနေရသော်လဲ တစ်စုံတစ်ယောက်ကတော့ သူ့မျက်လုံးရှေ့ကို ခလုတ်လာလာတိုက်နေသည်။

" တက်‌"

ချီချင်းက မျက်ခွံပင် လှန်မကြည့်။
" ခင်ဗျားက တော်တော်စိတ်ညစ်ဖို့ကောင်းတာပဲ"

ညအချိန်ဖြစ်၍ အအေးပိုလာသည့်အတွက် ရှဲ့လင်မှာ ဂျာကင်အနက်ရောင်ဝတ်၍ ကားပြတင်းပေါ် လက်တင်ထား၏။ အချိန်က ညလယ် တစ်နာရီ ထိုးခါနီးဖြစ်သော်လဲ ထိုသူကတော့ ဆံဖျားအစ လက်ဖျားလေးတွေအဆုံး တောက်ပနေသည်။ ထို့နောက် မျက်လွှာလေးပင့်၍ သေချာစိုက်ကြည့်နေသည်။
" မင်းကိုသာ အိမ်ပြန်ပို့ခွင့်ပေးရင် နောက်ထပ် လုံးဝ မနှောင့်ယှက်တော့ဘူး"

ချီချင်းက တက္ကစီငှားသည့် app ကို ဖွင့်နေသည်။

ရှဲ့လင်ပြောသည့်အတိုင်း ဒီအချိန်က ကားသိပ်မရှိတော့။ နှစ်မိနစ်ခွဲတိတိကြာတော့မှ Private ကားတစ်စီးက အမှာကို လက်ခံလိုက်သည်။ သို့သော် ကားမောင်းသူအကြောင်း တင်ထားသည့်အချက်အလက်တွင်တော့ အဆိုပါကားမောင်းသူမှာ တက္ကစီဆွဲသည့် အမှာ တစ်ခုမှမရှိသေးသည့် ကားဆရာအသစ်ပင် ဖြစ်သည်။

အဆိုပါ ကားဆရာအသစ် အမှာကို လက်ခံလိုက်သည့်အခါတွင်တော့ 'သင့်ယာဉ်မောင်း ရောက်ရှိနေပါပြီ'ဟူသော အသိပေးစာကို လက်ခံလိုက်ရလေသည်။

အဆိုပါအချက်များအားလုံးကို ခြုံငုံကြည့်လိုက်သောအခါတွင်တော့ ကားဆရာ ဘယ်သူဖြစ်သည်ကို လိုင်စင်နံပါတ်လိုက်မကြည့်ပဲ သေချာသိနိုင်လေ၏။

နောက်ဆုံးတော့ ချီချင်းထံမှ စကားသံထွက်လာသည်။
" ကား အငှားလက်ခံလိုက်တာ ခင်ဗျားလား"

ရှဲ့လင်က ကား‌ပြတင်းပေါ်တင်ထားသော လက်ထဲ ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထုတ်ပြရင်း ချီချင်း၏ စကားကို ပြန်ပြောပြ၏။
" လူတိုင်းကို အိမ်ပြန်ပို့ချင်ရင် အလုပ်ပြောင်းလိုက်‌ဆို.. သေချာစဉ်းစားကြည့်တော့လဲ မင်းပြောတာ လုံးဝဖြစ်နိုင်တယ်.. အဲ့ဒါကြောင့်မို့ အခုလေးတင်ပဲ ဒရိုင်ဘာအလုပ် ပြောင်းလိုက်ပြီလေ.. ကဲ အခု မင်းကို အိမ်ပြန်ပို့ပေးလို့ ရပြီလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now