Chapter 76- လက်တွဲဖော်

911 260 34
                                    

Unicode

ရှဲ့လင် အင်္ကျီချွတ်နေစဉ် အိမ်ရှေ့ခန်းမှ တံခါးပိတ်သံကြောင့် ချီချင်း အိမ်ပြန်သွားသည်ကို သိလိုက်ရသည်။

ချီချင်း ထွက်သွားပြီးတော့မှ ရှဲ့လင်လဲ လက်ကောက်ဝတ်မှ ပတ်တီးကို ဆွဲဖြုတ်ရင်း အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ မျက်နှာကို လက်နှင့်အုပ်ထားမိသည်။ စောစောက ချီချင်းကို စ, နောက်နေတုန်းကလို အရှက်တရားကင်းမဲ့မှုတို့ ရှိမနေတော့။  နားရွက်ထိပ်ဖျားများ ရဲတွတ်နေသည်အထိ ရှက်လာခဲ့သည်။

ညသန်းခေါင်အချိန် ရောက်နေပြီဖြစ်သည်။

ဝူကျိလဲ နိုက်ကလပ်တွင် ရှန်ပိန်တစ်ပုလင်းဖောက်၍ မိန်းမငယ်လေးလက်ထဲမှ တစ်ငုံနှစ်ငုံသောက်နေချိန် ရှဲ့လင်ထံမှ စာဝင်လာသည်။
" မင်း အားလား"

ထို့ကြောင့် တိတ်ဆိတ်သည့်နေရာတစ်ခုရှာကာ ဝူကျိ ဖုန်းပြန်ခေါ်ရသည်။
" အားတယ် ကျွန်တော် ကလပ်မှာ.. ရှဲ့ကော လာခဲ့ပါလား"

ခပ်လှမ်းလှမ်းမှ နားကွဲမတတ် ဆူညံနေသည့် ဒီဂျေတီးလုံးသံကို နားထောင်ရင်း ရှဲ့လင်က ညနက်သန်းခေါင်ကြီး ရင်ဖွင့်စရာ လူတစ်ယောက် လိုက်ရှာလိုခြင်းသာ ဖြစ်သည်။ သို့သော် ဝူကျိကို ရင်ဖွင့်ရန်တော့ မဖြစ်နိုင်။
"ငါ မလာတော့ဘူး"

ဝူကျိ : " မရဘူးလေ.. ရှဲ့ကောဘက်က ကျွန်တော့်ကို ဖုန်းစခေါ်တယ်ဆိုတာ ရှားရှားပါးပါးကို.. လာခဲ့ပါ ရှဲ့ကောရာ"

တစ်ဖက်မှ စကားသံမကြားရ၍ လိုင်းကျသွားပြီလားဟု ဝူကျိထင်နေစဉ် တစ်ဖက်မှ စကားသံခပ်တိုးတိုး ထွက်လာသည်။
" ငါ လူတစ်ယောက်ကို သဘောကျနေပြီထင်တယ်"

သို့သော် သီချင်းသံ ဆူညံနေသောကြောင့် ဝူကျိ သေချာမကြားလိုက်ရ။ ထို့ကြောင့် နားတစ်ဖက်ပိတ်၍ အဆုတ်အားကိုသုံးရင်း အားကုန်အော်လိုက်သည်။
" ဘာပြောတယ်.. ရှဲ့ကောပြောတာ မကြားလိုက်ရလို့.. ဘာပြောလိုက်တာလဲ "

" ဘာမှမဟုတ်ဘူး"
ရှဲ့လင်က စိတ်ပျက်စွာနှင့် ပြန်ပြောလိုက်သည်။
" မင်းဟာမင်း အရက်သာ သွားသောက်နေစမ်းကွာ"

ဝူကျိ : " မဟုတ်သေးဘူးလေ အဖေ"

ထို့ကြောင့် ဝူကျိ ဖုန်းခေါ်နေရင်း သီချင်းသံနှင့် ဝေးရာသို့ လျှောက်သွားသည်။
" ဒါနဲ့... လက်အိတ်အမည်းဝတ်တတ်တဲ့ ရှဲ့ကောရဲ့ လက်ထောက်ကို အင်တာနက်ပေါ်မှာ တွေ့လိုက်တယ်... သူ အရင်က သရုပ်ဆောင်လုပ်ခဲ့တာ‌ဆို"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now