Chapter 30- သံသယတရားခံ

1K 257 20
                                    

Unicode

တစ်ညအိပ်ပြီး ထွက်ပြေးသွားသည်‌ဆိုသောစကားက အဓိပ္ပါယ်နှစ်ခွထွက်နေသည်။

ချီချင်း : "..."

ချီချင်းတစ်ယောက် ဒီနေ့တော့ စိတ်အခြေအနေ အတော်ကောင်းနေသည်။ တစ်တိုက်ထဲမှ မိသားစုနှစ်စုက အတူခရီးထွက်ရန် တိုင်ပင်နေကြသည်။ မနက်ရှစ်နာရီအချိန်လောက်တွင်တော့ မနေ့က ဖျားနေသော တစ်ယောက် နေပြန်ကောင်းသွားသည်ကို သိလိုက်ရသည်။ ခဏအကြာတွင် တစ်တိုက်လုံး လူမရှိတော့၍လားမသိ သူ့နားထဲ တိတ်ဆိတ်သွားလေသည်။ လက်ရှိတိုက်ခန်းထဲတွင် နေထိုင်ကြသူများမှာ ညဘက်နောက်ကျသည်အထိ နေလေ့မရှိကြသောကြောင့် ညဘက်တွင် အရမ်းပြဿနာမရှိ။ တစ်ခုရှိသည်က အောက်ထပ်မှ လွတ်နေသောနှစ်ခန်းထဲမှ တစ်ခန်းမှာ အိမ်ငှားလက်ခံရန်ပြင်နေသည်ကို သူ သိခဲ့ရသည်။

နေ့ခင်းတစ်ချိန်ထဲကို ပွဲစားက အိမ်ကြည့်ရန် လူသုံးဦးအထိ ခေါ်လာသော်လဲ ဈေးကြီးသောကြောင့် အဆင်မပြေခဲ့။

ညနေခင်းကျပြန်တော့လဲ အဆိုပါပွဲစားကပဲ မိန်းကလေးအိမ်ငှားတစ်ယောက်ကို ခေါ်လာပြန်သည်။ အဆိုပါမိန်းကလေးက တစ်ယောက်ထဲငှားနေသည်တော့မဟုတ်။ အက်ကွဲကွဲအသံတစ်ခုထဲတွင်
~~~ ဒီအခန်းက အဖက်ဖက်က ပြည့်စုံနေတာပဲ.. သူလဲ ကြိုက်လောက်မယ်ထင်တာပဲ ~~~ ဟူသော အသံကို ကြားခဲ့ရသောကြောင့် ဖြစ်၏။

သူဆိုသည်မှာ ယောက်ျားလေးလား မိန်းကလေးလားဆိုတာကိုတော့ ချီချင်းစိတ်မဝင်စား။ စကားနည်းသူ ဖြစ်ပါစေဟုသာ ဆုတောင်းမိသည်။

တိုတိုပြောရပါက ချီချင်း၏ စိတ်အခြေအနေ အတော်လေးကောင်းနေသည်။ ရှဲ့လင်နှင့် သူ့ကြားမှ ဆက်‌ဆံရေးအခြေအနေ အရင်အတိုင်း ပြန်ရောက်သွားလဲ ကိစ္စမရှိတော့သည့်မို့ စာပြန်ရာတွင် တည့်တိုးဆန်သွား၏။

" ကျွန်တော် ခင်ဗျားကို ထမင်းတစ်နပ် အကြွေးတင်နေတာ.. ဒီနေ့ ဟင်းပိုချက်မိသွားလို့"

ထို့နောက် ဆက်ပြောလိုက်သေးသည်။

" စားတာမစားတာကတော့ ခင်ဗျားသဘောပဲ"

" မင်းက ဒီလိုပုံစံကြီးနဲ့ ထမင်းစားဖိတ်တာလား"
ဆယ်မိနစ်အကြာတွင် ရှဲ့လင်က ကားပါကင်ထိုးကာ အပေါ်တက်လာ၍ ချီချင်းတံခါးဝကို မှီရင်း စကားစသည်။
" ကိုယ် မစားတော့ဘူးလို့ပြောတာကို မျှော်လင့်နေတာလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now