Chapter 29- အမှုအကြံပေး

1K 258 28
                                    

Unicode

အမှုနှင့် ပတ်သက်၍ ရရှိထားသော အချက်အလက်များကို အစည်းအဝေးခန်းထဲ အသင့်ပြင်ပေးထားသည်။

အဖွဲ့ထဲ နောက်ဆုံးမှဝင်သူဖြစ်၍ အစည်းအဝေးခန်းထဲ ရေဘူးချပေးရန် တာဝန်ယူထားရသော အသစ်လေးမှာ အခန်းထဲမှ အခြေအနေကို မျက်စိစွေကြည့်ရင်း အကဲခတ်နေသည်။

ဤသို့ဖြင့် အသစ်လေးလဲ ဒါရိုက်တာယွမ် ကိုယ်တိုင် တံခါးဝအထိ ထွက်ကြိုကာ အစည်းအဝေးခန်းထဲ ခေါ်လာခံရသူမှာ လူငယ်တစ်ယောက်ဖြစ်မှန်း တွေ့လိုက်ရသည်။ တစ်ခန်းလုံး ယူနီဖောင်းများ ဝတ်ထားသော်လဲ သူတစ်ယောက်ထဲသာ ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီ အနက်ကို ဝတ်ဆင်ထားသည်။ တင်းကြပ်သော ဖိအားအောက်တွင်တောင်မှ သူ ရေဘူးကမ်းပေးတော့ ထိုလူငယ်က ပြုံးပြ၍ ကျေးဇူးတင်စကားတောင် ပြောလိုက်သေးသည်။

ရေဘူးချပြီးသည်နှင့် အလုပ်မရှိတော့သည့်အတွက် အစည်းအဝေးခန်းထဲမှ ထွက်ကာ တံခါးပိတ်ခဲ့သည်။

အစည်းအဝေးခန်းအပြင်ဘက်တွင် လူအတော်များများ ရောက်နေကြ၏။ ပထမတော့ သူ့အလုပ်သူ လုပ်နေကြပုံပေါ်သော်လဲ သူ အခန်းထဲမှ ထွက်လာတော့ ‌မိတ္တူကူးချင်ယောင် ဆောင်နေသူများ မှတ်စုရေးချင်ယောင် ဆောင်နေသူများအားလုံး သူ့အနားဝိုင်းလာကြသည်။

" ဘာတွေ ဖြစ်နေတာလဲ"

" အကြံပေးတစ်ယောက်ကို ဖိတ်ထားတဲ့ပုံပဲ"

" အကြံပေး?? စိတ်ပညာအထူးကုလား.. မဟုတ်လောက်ဘူးထင်တယ်နော်"

" မသိဘူးလေ.. မျိုးရိုးက ရှဲ့ တဲ့"

" အကြံပေး?? ရှဲ့မျိုးရိုး??"
တစ်စုံတစ်ယောက်က အဆိုပါ အဓိကစာလုံးနှစ်လုံးကို ဆက်ကြည့်ရင်း လန့်သွားလေသည်။
" ရှဲ့လင်??"

အထွေထွေရုံးမှ လူကြီးများအတွက် ရှဲ့မျိုးရိုးမှာ အတော်ထိတ်လန့်စရာကောင်းသော နာမည်ဖြစ်၏။ လူမျက်နှာကို သေချာမသိသော်လဲ နာမည်နှင့် သူတို့၏ လုပ်ဆောင်ချက်များကို အတိအကျ သိထားကြသည်။

ကျိမင်ရွေ့နှင့် ဆုရှောင်းလန်တို့လို နာမည်ကို အတိအကျပြောနေတာတောင် ဘာမှန်းမသိသူများ မဟုတ်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now