Part-2

1.8K 56 6
                                    

အပိုင်း-၂

တီ တီ တီ

နိုးစက်သံကြောင့် ထွဋ်ခေါင်မင်း အိပ်ယာမှထကာ ဝရံတာဘက် ခနထွက်ကာ နံနက်နေရောင်အောက်မှာ ခနထိုင်ရင်းခြံထဲကိုကြည့်တော့ ဖိုးဖိုး ကသူ့ရဲ့အနီးကပ်  တပည့်နဲ့လေ့ကျင့်ခန်းလုပ်နေပီဖြစ်သည်။ဖိုးဖိုးက အ
သက်၆၀ကျော်လာပေမဲ့ အားကစားလုပ်တာကြောင့် ခုချိန်ထိသန်မာတုန်းဖြစ်သည်။ဖိုးဖိုး ဦးမင်းဂေါင်မှာ
ထွဋ်ခေါင်မင်း ဖေဖေ ဦးမင်းသူ နဲ့  ဦးမိုးသူ ဆိုပီးသားနှစ်ယောက်ရှိသည်။ဖေဖေကတော့ မေမေ ဒေါ်သီတာဦးနဲ့အကြောင်းပါကာ ဟေမာမင်း ထွဋ်ခေါင်မင်း နဲ့ကြေးမံုမင်းဆိုပီး သားသမီး၃ယောက်ရှိသည်။ ဦးလေးမိုးသူကတော့ အန်တီ မြတ်နဲ့အိမ်ထောင်ကျကာ မြတ်သန်ဒါနဲ့မြတ်သော်တာ ဆိုတဲ့သမီး၂ယောက်ရှိကာ အခုလောလောဆယ် အိမ်ထောင်ရေး
ဖောက်ပြန်လို့ ဖိုးဖိုးက အမွေဖြတ်ထားတာဖြစ်သည်။ထွဋ်ခေါင်မင်းသာ တမိသားစုလံုးမှာ ယောက်ကျားလေးတယောက်ထဲမို့အမွေဆက်ခံရမှာသေချာပေမဲ့ မေမေရဲ့လောဘကိုသိတဲ့ဖိုးဖိုးက မြေး၅ယောက်ထဲက သူသဘောကျသူကိုပေးမယ်လို့သာပြောထားသည်။ကိုယ့်မေမေ ဆိုပေမဲ့ မေမေကနဲနဲအဆင့်အတန်းခွဲကာငွေဂုဏ်မောက်သည်ကို သိပေမဲ့ ကိုယ်နဲ့မဆိုင်တာမို့ ထွဋ်ခေါင်မင်းမသိချင်ယောင်ဆောင်ထားသည်။အမဖြစ်သူကလဲ အမေ့ခြေရာနင်းကာ လူချမ်းသာများသာရွေးပေါင်းတတ်သူဖြစ်သည်။အငယ်မလေးကတော့ မိဘတွေနဲ့ အကိုဖြစ်သူများမသိအောင်
ကလပ်ခိုးတက် အရက်ခိုးသောက်တတ်သူလေး
ဖြစ်သည်။
ထွဋ်ခေါင်မင်း အတွေးကိုဖြတ်ကာ ရေချိုးခန်းဝင်ကာ
အောက်ထပ်မှာ ဘရိတ်ဖတ်စားတော့ မေမေက

"သားရေ ဒီနေ့ ချောလေးနဲ့နေ့လည်စာစားဖို့မေမေချိန်းထားတယ် သားလာခဲ့နော်"

"မေမေ သားကိုစိတ်ကျဉ်းကျပ်အောင်မလုပ်ပါနဲ့"

"ဒီတိုင်းမိတ်ဆွေအနေနဲ့တွေ့တာပါသားရယ် လာခဲ့နော် မေမေ့ကိုချစ်တယ်ဆို သားရယ်နော်"

"ဟုတ်မေမေ လာခဲ့မယ် ခုတော့သားသူငယ်ချင်းနဲ့ချိနိးထားလို့သွားအံုးမယ်"

ငယ်ငယ်ထဲက ပခံုးဖက်ပေါင်းလာတဲ့ထဲက ရန်နိုင်နဲ့နေမျိုးကိုတော့ထွဋ်ခေါင်မင်းတအားခင်သည်။ခုလဲ
ချိန်းထားတဲ့ဆီရောက်တော့ သယ်ရင်း၂ယောက်ကရောက်နေပီမို့ သူတို့ဝိုင်းမှာဝင်ထိုင်ရင်း

အချစ်ရဲ့စေစားရာМесто, где живут истории. Откройте их для себя