Part-45

1.9K 48 9
                                    

အပိုင်း-၄၅

ကိုကိုးနဲ့ဦးအဆင်ပြေသွားတော့ အရာအားလံုးကလှပနေသည်။ညစာစားပီးတော့ ဝရံတာဖက်ထွက်ကာစကားခနပြောနေတုန်း သမီးလေးက အနားလာ

"ဖေဖေ"

"ဗျ"

"ဒီနေ့ ဖေနဲ့မေ ထူးရှားနေတယ်"

"ဘာတွေများထူးခြားလို့လဲ ဖေ့သမီးလေးရဲ့"

ဆိုကာ ဦးကသမီးပါးအိအိလေးကို နမ်းကာချီ
လိုက်တော့

"မေမေကရေ ခါတိုင်းချို သူ့ဘာသာနေတာရေ ခု ဖေ့နားပဲကပ်နေရာ ဖေကရဲ မေမေနားပဲနေတာရေ နိုနိုးနားကို လာတော့ဝူး"

ကိုကိုးကောဦးပါ မျက်လံုးချင်းစံုပီးရီကာ ကိုကိုးကပဲ

"မေမေက ဖေဖေ့ကို စိတ်ဆိုးပြေသွားပီ နောက်ဆို ခုလိုပဲကပ်နေတော့မှာ မေ့ချစ်လေးရဲ့"

ဆိုကာ သမီးပါးအိအိလေးကို နမ်းကာပြောတော့

"ဟင်း ဒါချို နိုနိုးကတော့ တွားပီ "

"ဘာလို့လဲသမီး"

ဦးကောကိုကိုးကောမေးတော့

"ဖေဖေက မေမေ့နားပဲကပ်နေတော့ နိုနိုးက
တယောက်တည်းခြစ်သွားပီပေါ့ရို့"

ဆိုတော့ဦးက

"ဖေဖေကမေမေ့နားကပ်တော့ ဖေ့သမီးက ဖေဖေနဲ့မေမေကြားပြန်ကပ်ပေါ့ အခုလိုလေ"

ဆိုမှသမီးကပြံုးလာတော့သည်။ဦးကသမီးကိုချီကာ အထဲဝင်လာပီး သမီးကစားတဲ့နားက တီဗီရှေ့မှာ
ထိုင်ကာ ကိုကိုးက ဦးပခုံးပေါ်ခေါင်းမှီကာ တီဗီကြည့်နေပီး ဦးကသမီးနဲ့ဆော့လိုက် ကိုကိုးကို စလိုက် သမီးလစ်ရင်ပါးလေးနမ်းလိုက်နဲ့နေတာနဲနဲကြာတော့ နိုနိုးက ကစားရကနေထလာကာ ကိုကိုးခေါင်းကို သူ့အဖေပခုံးပေါ်ကနေ အသာလေးဖယ်ကာ ဆိုဖာမှာ ခေါင်းအံုးလေးခုကာမှီစေပီး

"မေမေ ဖေ့ကိုမှီနဲ့ ဖေက နိုနိုးနဲ့ကဂျားတာကို ချိတ်
မဝင်စားဘူး မေမေ့ကိုပဲ နမ်းနေရာ မေမေကရိမ်မာ
တယ်နော် ဖေဖေကတနေ့လံုးပင်ပန်းနေတာ ချိုဖာကိုမှီနော် ဖေ့နိုနိုးကြတာကြည့်"

ဆိုတော့ ဦးနဲ့ကိုကိုးမှာ တယောက်မျက်နှာ
တယောက်ကြည့်ကာရီရသည်။သူ့အဖေနဲ့ကစားလို့ ကျေနပ်နေတဲ့သမီးကိုကြည့်ကာ ကိုကိုးအသဲယားလို့ အတင်းချီကာ နမ်းတော့ သမီးကသဘောတွေကျကာ ချစ်စဖွယ် တခစ်ခစ်နဲရီနေတော့သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now