Part-51

1.3K 33 2
                                    


အပိုင်း-၅၁

ထွဋ်ခေါင်မင်း မိုးလင်းတာနဲ့မျက်နှာမြန်မြန်သစ်ကာ ခလေးတို့သားအမိ အခန်းဆီ ဆင်းလာတော့ ခလေးကနိုးနေပီဖြစ်ကာ သားတွေကပြန်အိပ်နေကြသည်။ခလေးမျက်နှာလေးကို စိုးရိမ်တကြီးကြည့်နေတာမို့

"ဦး မီးနေကောင်းပါတယ် ခေါင်းနဲနဲမူးနေတာ"

ဆိုတော့ ဘေးက သားတွေဆရာမက

"Boss ညကလဲ အမ toiletထသွားတာမူးလဲတော့မလိုဖြစ်သေးတယ် ကျမတို့ကတော့ဖြစ်နိုင်ရင်အမကို အားဆေးလေးသွင်းစေချင်တယ် ခလေးတွေက နို့တအားစွဲတော့လေ ကြာရင်အမခံနိုင်မှာအဟုတ်ဖူး"

"ဟုတ်ပီလေ ဆရာဝန်ခေါ်လိုက်မယ် ခလေးလာ breakfastစားရအောင်"

ဆိုကာ ခလေးကို ချီပီးခေါ်တော့

"ဦး ဆရာမတွေနဲ့ ဘယ်လိုဖြစ်နေတာလဲ"

ကိုယ့်မိန်းမ ကိုယ်ချီတာဘာမှမဖြစ်ဘူး"

ဆိုကာ နဖူးကို ငံုနမ်းတာမို့ ကိုကိုးပြောလဲရမှာ
မဟုတ်တာသိတာမို့ အသာလေးနေလိုက်သည်။စားသောက်ပီးပေမဲ့ မူးနေတာကြောင့် အခန်းထဲမှာပဲလဲနေတော့ ဦးက အနားမှာထိုင်ကာ ကိုကိုးလက်တဖက်ကိုကိုင်ကာ ကျန်လက်တဖက်က အိုင်ပက်ပေါင်ပေါ်
တင်နှိပ်ကာ e-mail စစ်နေသည်။ကိုကိုးမှေးခနဲ
အိပ်ပျော်သွားကာ ဦးကပါးကို အသာလေးနမ်းကာ

"ခလေး ခနထနော် ဆရာဝန်ရောက်ပီ"

ဆိုပီးနိုးမှနိုးလာကာ ဆရာဝန်ကဆေးဘာညာထိုးပေးကာ အားဆေးချိတ်ပေးခဲ့သည်။

"နပ်စ်တွေလဲရှိတော့ ဆေး၂ပုလင်းတော့ချိတ်လိုက်
ပေါ့ နောက်ခလေးတွေကိုနို့မှုန့်လေးကူတိုက်စေချင်
တယ် ကြာရင်အမေက ခံနိုင်မှာမဟုတ်ဖူးကိုထွဋ်
အပြင်
ခနလာခဲ့အုန်း"

ဆိုမှ ဆရာဝန်နောက်က လိုက်သွားကာ

"ဟေ့ရောင် ငထွဋ် မင်းမိန်းမနဲ့နေတာ ခနခနမလုပ်နဲ့နော် မင်းမိန်းမ တော်တော် အားနည်းနေတာ ခလေးတွေနို့စွဲတာကော အိပ်ရေးပျက်တာရောကြောင့်
အားနည်းနေတာ မင်းကပါထပ်သောင်းကျန်းရင်နော် မရဘူး "

"အေးပါကွာ ငါဆင်ခြင်ပါ့မယ်"

ခလေးက အားဆေးသွင်းပီးထူထူထောင်ထောင်
ဖြစ်လာတော့မှ ထွဋ်ခေါင်မင်းစိတ်အေးရသည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now