Part-48

1.4K 50 1
                                    

အပိုင်း-၄၈

ဒီနေ့ ခလေးရဲ့ဗိုက်ကို အက်ထရာဆောင်းရိုက်ရ
မယ်ဆိုလို့ဆေးရုံရောက်တော့ တီဗီ screenပေါ်က အစက်လေးက ကိုယ့်ရင်သွေးလေးဆိုတော့
ထွဋ်ခေါင်မင်း မျက်ရည်ဝဲသည်အထိ ဝမ်းသာကြည်နူးရသည်။ထိုခံစားမှုတွေ ခံစားရတိုင်းသမီးနိုနိုးကိုအားနာသနားရသည်။

ကိုကိုးမှာ ကိုယ်ဝန်နဲ့ပက်သက်ရင် ကိုကိုးထက်ပို စိတ်လှုပ်ရှားလွန်းတဲ့ ဦးကြောင့် ဦးမျက်နှာကိုသာ
စာဖတ်သလိုကြည့်နေရသည်။တခါတလေ ဦးက
ကိုယ်ဝန်ကို ဂရုစိုက်ရင်း သမီးနိုနိုးလေးတုန်းက
မလုပ်ပေးခဲ့ရလို့ဆိုကာ ဝမ်းနည်းပီးငိုတတ်လို့ ခုလဲ screenပေါ်က အစက်လေးကိုကြည့်ပီးကြည်နူးနေရင်း သမီးကြီးအကြောင်းတွေးကာဝမ်းနည်းနေပံုမို့
ဦးလက်ကိုကိုင်ကာအားပေးရသည်။

"ဟယ် အစက်လေးက ၂ခုတော့ ဖေဖေနဲ့မေမေ ဝမ်းသာပါတယ် အမွှာလေးပါ"

"ဗျာ အမွှာလေးလား ဝမ်းသာလိုက်တာ ဘာလေးလဲသိရပီလား ဆရာမ"

"ကလေးအဖေအရမ်းလောတာပဲ ၄လကျော် ၅လဆိုသိရပါပီ"

"ဟုတ်ကျေးဇူးပါဆရာမ"

အပြင်ရောက်တာနဲ့ ဦးကဦးအိမ်ကော ကိုကိုးတို့အိမ်ကိုပါဖုန်းဆက်ကြွားသည်။

"ဦး မီး အိမ်မပြန်ချင်သေးဘူး ဦးရုံးခန်းလိုက်ချင်
တယ်"

"အင်းရတယ်လေ ခလေးရဲ့ ခုတခုခုဝင်စား
ရအောင်ဘာစားချင်လဲ"

"ဟင့်အင်း သမီးကျောင်းကြိုမှသမီးနဲ့တူတူစားမယ် အငယိလေးက အဲအမွာလေးတွေပေါ့နော်ဦး အမွာလေးတွေကသူ့မမကြီးကိုချစ်တယ်ထင်တယ် မီးဘာသာဆိုမစားချင်ဘူး သမီးကြီးစားရင်စားချင်ပီ"

"ဟုတ်ပါပီဗျာ ဟော့ဒီက အမွာတို့မေမေသဘောပါဗျ"

"ဦး မီး အမွာတို့ဖေဖေရုံးခန်းမှာတနေ့လံုးနေမှာနော် ညနေ ဦးရုံးဆင်းမှ တူတူပြန်မှာ"

"ဟုတ်ကဲ့ပါအမွှာတို့မေမေ"

"ခစ်ခစ် ဦးအဲ့လိုခေါ်ရင်သဘောကျတယ် ဒါပေမဲ့မခေါ်ပါနဲ့  သမီးကြီးကြားရင်စိတ်မကောင်းဖြစ်နေမယ်"

"အော် သမီးကြီးကျောင်းသွားချိန်ခေါ်မှာပေါ့"

"ဦးက အဲ့လို အလိုလိုက်တော့မီးကဆိုးချင်တယ်
ဦးပင်ပန်းတယ် မဆိုးရဘူးသိတယ် ဒါပေမဲ့ ဦးကိုမြင်
ရင်ကိုဆိုးချင်တာ ဦးမီးကိုစိတ်မကုန်ရဘူးနော်"

အချစ်ရဲ့စေစားရာOnde histórias criam vida. Descubra agora