Part-12

1.4K 59 8
                                    

အပိုင်း-၁၂

"ဦး တော်ပီကွာ အရမ်းကဲတာပဲ မီးစကားပြောအံုး
မယ်"

"ကိုယ့်ကိုချစ်တယ်လက်ခံတယ်ကလွဲရင် ကျန်တာမပြောရဘူးနော် မဟုတ်ရင်စကားပေးမပြောဘူး"

"ဦးနော်"
ဆိုတဲ့ ကိုကိုးလေးရဲ့ခပ်ချွဲချွဲ အသံလေးကြောင့် လက်ခံဖို့ ၈၀%လောက်ရှိတာမို့ ကိုကိုးလေးပြောတာနားထောင်ပေးရသည်။

"ဦးကို  ဦးကို"
ဆိုပီးခေါင်းလေးငံု့ကာ နှုတ်ခမ်းလေးလဲကိုက်ထားတာမို့

"ပြောလေ ကိုကိုးလေး ကိုယ်ရင်တွေတုန်နေတာ အသက်ပါသွားတော့မယ်"

ချက်ချင်းခေါင်းလေးမော့ကာ

"အဲ့လိုသေစကားမပြောပါနဲ့ မီးမှာဦးပဲရှိတာ"

"အွန်းပါ ကိုယ့်ကိုချစ်တယ်ပြောတော့လေ"

"ဦးကိူချစ်တယ်"

"ဟာခလေး "

ဆိုပီးဦးကထပ်နမ်းပါတော့သည်။ဒီတခါမှာတော့ ကိုကိုးကိုယ်တိုင်လဲကြည်ဖြူမိတာမို့ အချိန်အတော်ကြာသွားသည်။ ဦးကနမ်းလို့ဝမှ

"ကဲ ကိုကိုးလေးရော ကိုယ့်ကိုချစ်တော့ ကိုလင်းကို
မချစ်တော့ဘူးလား

"ဟင့်အင်း ချစ်တယ် ဦးကိုတမျိုး ကိုလင်းနဲ့ထူးထူးကိုချစ်တာတမျိုး"

"အဲ့ဒါပြောတာ လေ ခလေးရဲ့ ခုသိပီမလားဟင်"

"ဟူတ်"

"မနေ့တည်းက ဘာမှမစားဘူးဆို"

"ဦးမီးကိုမဆူနဲ့နော်

"ဟောဗျာ ခုမှ အဖြေပေးထားတဲ့ ကိုယ့်ရဲ့အသည်းကျော်လေးကိုဆူစရာလား ကိုကိုးလေးကလေ
ပြောရင်ဦးဆူမှာကြောက်တယ်နဲ့ ပီးရင်စကားနားမထောင်ဘူး"

"ဦးကမီးကိုခုဆူနေပီတွေ့လား

"မဆူရက်ပါဘူး ကိုယ့်ကိုကိုးလေးရယ် ခလေးကျန်းမာရေးထိမှာစိုးလို့ ခုကြည့်အံုးကိုယ်လနဲ့ချီဂရုစိုက်လို့ ပြည့်လာတဲ့မျက်နှာလေးကချောင်လို့ ကိုယ်လံုးလေးကလဲငှက်မွေးလေးလို့ပေါ့နေတာ ကိုယ်ဘယ်
စိတ်ကောင်းမလဲချစ်ရယ် ခုတခုခုစားရအောင်နော်"

အချစ်ရဲ့စေစားရာDonde viven las historias. Descúbrelo ahora