Part-49

1.5K 53 4
                                    

အပိုင်း-၄၉

ထွဋ်ခေါင်မင်း ဒီနေ့ရင်တွေအရမ်းခုန်နေကာ
ခုတင်ပေါ်က ခလေးကတော့အေးအေးဆေးဆေးရှိကာ
ကိုယ့်လက်ကိုတောင်အားပေးတဲ့အနေနဲ့ကိုင်ထားပေးသည်။ခလေးကိုယ်ဝန်က ၅လကျော်လာပီမို့ ဘာလေးလဲသိရအောင် အက်ထရာဆောင်းလာရိုက်တာမို့
ရင်တွေခုန်နေမိသည်။ ခလေးကောကိုယ်ကော ဘာလေးဖြစ်ဖြစ်ချစ်မယ်လို့တွေးထားပေမဲ့ ဒီနေ့တော့စိတ်ကတအားလှုပ်ရှားနေရသည်။ဆရာဝန်က

"Congratulations ဖေဖေနဲ့မေမေ သားလေး၂
ယောက်ပါရှင် "

ထွဋ်ခေါင်မင်း ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိကာ မျက်ရည်များကျလာသည်။

"ဦး ဦး သတိထားအံုးလေ ဦး"

ဆိုတဲ့ ငိုမဲ့မဲ့ ခလေးအသံလေးကြားမှသတိပြန်ဝင်ကာ

"ခလေး ကိုယ်ဘာမှမဖြစ်ဘူးနော် တအားဝမ်းသာသွားတာ နော်စိတ်မပူနဲ့"

အက်ထရာဆောင်းရိုက်ပီးတော့ OG နဲ့တခါတည်းပြကာ ခလေးတွေကောမိခင်ပါကျန်းမာတယ်ဆိုမှ ပြန်လာခဲ့သည်။အပြန်မှာ

"ဦး ဘာဂါရယ် ငါးအသားလွှာကြော်ရယ်
ထောပတ်သီးဖျော်ရည်ရယ်စားချင်တယ်"

"အိုကေပါဗျာ"

ကိုယ်ဝန်၄လကျော်ထဲက ခလေးကအန်တာရပ်ပီး အစားတအားစားလာတာမို့ သမီးကြီးလို မျက်နှာလေးလဲဖောင်းဖောင်းကစ်ကစ်လေးဖြစ်လာကာ အမွှာ
ကိုယ်ဝန်မို့ ဗိုက်ကလဲ တခြား ကိုယ်ဝန်ဆောင်တွေ
ထက်ပိုပူနေတာမို့ ငါးပူတင်းလေးကိုဖြစ်နေသည်။ခလေးခုလိုအစားဝင်မှပဲ ထွဋ်ခေါင်မင်းလဲစိတ်ချမ်းသာရသည်။ ခလေးကသူစားရုံတင်မဟုတ် သူ့သမီးအတွက်ပါ ပါဆယ်ဆွဲသေးသည်။ပီးရင်တော့ ခလေးက ထံုးစံအတိုင်းရုံးလိုက်လာသည်။ကြီးမေတို့
ကတောင်စရသည်အထိ ခလေးက ကိုယ်ဝန်ရှိမှ ကိုယ့်ကိုတအားကပ်နေတာမို့ သမီးကတောင် အလျော့ပေးရသည်။သမီးက သူ့မောင်လေးတွေမျက်နှာနဲ့အလျော့ပေးတာဟုအမြဲပြောတတ်သည်။

ရုံးခန်းရောက်တာနဲ့ မောလာတဲ့ခလေးကမျက်လံုးလေးစင်းနေပီမို့ ကိုယ်ကပဲအလိုက်တသိနဲ့

"ခလေး အိပ်ချင်နေပီလား လာ ကိုယ့်ရင်ခွင်ထဲ"

"ဟုတ်အိပ်ချင်နေတာ ဦးအလုပ်မပီးသေးမှာစိုးလို့"

အချစ်ရဲ့စေစားရာWhere stories live. Discover now