Part-4

1.4K 44 5
                                    

အပိုင်း-၄

ထွဋ်ခေါင်မင်း မနက်အိပ်ရာနိုးလို့နာရီကြည့်တော့ နံနက် ၁၀နာရီကျော်နေပီမို့ မောင်ဇော့်ကိုဖုန်းဆက်ကာမနေ့ကဘေးခန်းကကောင်မလေးအကြောင်းစံုစမ်းခိုင်းရသည်။ရေမိုးချိုးကာ ထွက်လာတော့ ဘေးခန်းက
ပိတ်ထားတာမို့ ဟိုတယ် လောဘီကိုထွက်လာကာ breakfast စားနေတုန်းမောင်ဇော်ရောက်လာကာ

"Boss ပြောတဲ့ကောင်မလေးတွေက အန်တီကြီးတယောက်နာမည်နဲ့ငှါးတာတဲ့ အဲ့အန်တီကြီးကို
လိုက်တော့လဲ သူကအလှူလာလုပ်တာမို့ မိတ်ဆွေအများကြီးဖိတ်တာဆိုတော့ အဲ့ကောင်မလေးတွေ
နာမည်မသိရတော့ ဘယ်သူမှန်းမသိဘူးတဲ့"

ထွဋ်ခေါင်မင်း စိတ်ရှုပ်သွားကာ

"ထားလိုက်တော့ ပြန်ဖို့စီစဉ်"

ဆိုကာပြောပီးပြန်လာခဲ့သည်။ပဲခူးကပြန်လာထဲက
စိတ်ရှုပ်ပါတယ်ဆို မေမေကချောနဲ့တွေ့ဖို့တဂျီဂျီပြောတာမို့ မေမေစိတ်ကျေနပ်စေရန် သွားတွေ့ရသည်။

"ကိုထွဋ် အားရော အားရဲ့လား ချောကအားနာနေတာ"

"ရပါတယ် ချောအကူညီတောင်းချင်တာကဘာများလဲ"

ချော မျက်နှာပေါ်ကျလာတဲ့ဆံပင်လေးကို
သပ်တင်ကာ ကိုထွဋ်ကို ခပ်ညုညုလေးကြည့်ကာ

"ချောကလေ ကိုယ်ပိုင်brand လေးတခုထုတ်ချင်တာ အဲ့တာ နာမည်လျောက်တာဘာညာ လေမလုပ်တတ်လို့ပါ ကိုထွဋ်အပန်းမကြီးရင်နဲနဲလောက်ကူညီပေးပါလား"

ချောရဲ့အကြည့်နဲ့အသံကိုကြားတာနဲ့တင် မိန်းမကျမ်းကြေညက်နေတဲ့ထွဋ်ခေါင်မင်း ချော ဘယ်ခြေလှမ်း
ချင်သလဲသိနေတာမို့တခါထဲဖြတ်ချဖို့လုပ်ရသည်။ထွဋ်ခေါင်မင်း ရည်းစားထည်လဲတွဲသလို အိပ်ယာပေါ်လဲရောက်သည်။one night standလေးတွေလဲခေါ်ပေမဲ့ အသက်မပြည့်သေးတဲ့မိန်းခလေး ခင်ပွန်း
ရည်းစားရှိတဲ့သူတွေကိုရှောင်သလို အထူးသတိပြုရှောင်တာကတော့ ခုလို လူကြီးမိဘတွေနဲ့ရင်းနှီးသူဆိုလို့ကတော့ အနွယ်မခံနိုင်တာမို့ လံုးဝကိုရှောင်ရသည်။ခုလဲချောကဇာတ်လမ်းစချင်နေတာမို့

"ချောဆီကို ကိုယ့်တပည့်နဲ့ချိတ်ခိုင်းလိုက်မယ် လိုတာသူအကူညီပေးပါလိမ့်မယ် ခုတော့ကိုယ်ကိတ်စရှိလို့ သွားပီနော်"

အချစ်ရဲ့စေစားရာWhere stories live. Discover now