Part-28

1.3K 40 13
                                    

အပိုင်း-၂၈

ကိုကိုး ဂီတာတီးချင်တယ်ဆိုတာကြောင့် ကိုမောင်ဇော် ဘယ်ကရှာလာမှန်းမသိပဲရလာတဲ့ဂစ်တာနဲ့ မဝတီ အဲအဲတို့နဲ့ထိုင်တီးကာသီးချင်းဆိုနေလိုက်သည်။
အဲအဲက

"ကိုကိုး bossရောက်ပီထင်တယ်"

"ရောက်ပါစေ ပစ်ထားလိုက် အဲ့တာမှမှတ်မှာ"

နေ့လည်က ကိုကိုး ဘောင်းဘီတိုလို့ဆိုကာ ဦးစိတ်ဆိုးတာကနေ ကိုကိုးနဲ့စကားများတာမို့ ကိုကိုး နေ့လည်စာတောင်မစားတော့ပဲ အခန်းပြန်လာခဲ့တာဖြစ်သည်။ဦးကတော့ အလုပ်ကိတ်စရှိတာမို့ ချက်ချင်းမလာနိုင်ပဲ ခုညနေစောင်းမှပြန်လာတာဖြစ်သည်။ကိုကိုးတွေးနေတုန်း မဝတီနဲ့အဲအဲက ရေဆင်းကူးမယ်ဆို
ထထွက်သွားတော့စိတ်ထဲမသင်ကာတာမို့ လှည့်ကြည့်တော့ မျက်နှာငယ်လေးလုပ်ပြနေတဲ့ ဦးကိုတွေ့တာမို့ ဂီတာဘေးချကာထပီး အပြင်ထွက်မယ်လုပ်တော့ဦးက ကိုကိုးကိုချီကာ အခန်းဘက်ခေါ်လာခဲ့သည်။ရုန်းလဲမရတာမို့ ကိုကိုးနှုတ်ခမ်းစူကာလိုက်လာလိုက်သည်။ဦးကအခန်းတံခါးပိတ်ကာ ဧည့်ခန်းမှာ ကိုကိုးကို ပေါင်ပေါ်တင်ကာ

"နေ့လည်ကစိတ်ဆိုးပီး ဘာမှမစားဘူးဆို"

"စိတ်မဆိုးပါဘူး မစားချင်လို့မစားတာ"

"ကိုယ်ကချစ်လို့သဝန်တိုတာပါခလေးရယ် မနက်ကတောင်ကြည့်ပါလား ကိုထင်ကျော့်သမီးနဲ့သူငယ်ချင်းတွေက ကိုယ့်ကို ခလေးရဲ့အဖေထင်နေတာ ကိုကိုးအဲ့လိုဝတ်လာတော့ ကောင်လေးတွေကြည့်တာကိုယ်မကြိုက်လို့ပါနော် ခလေးစိတ်မဆိုးနဲ့နော်"

"ဦးက ကြံဖန်တိုတာသိလား ကမ်းခြေမှာ ကော နေ့လည်က dining roomမှာပါ မီးထက်လှတဲ့သူတွေရေကူးဝတ်စံုနဲ့သူတွေပါအများကြီး ကြည့်ချင်းကြည့်သူတို့ကိုကြည့်မှာပေါ့ မီးကိုဘယ်သူမှမကြည့်ဘူး ဦးကပိုလို့ကိုဒေါသဖြစ်တာ"

"ကိုယ်နောက်မပြောတော့ဘူးနော် "

ဆိုကာ ကိုကိုးနှုတ်ခမ်းတွေကို အတင်းစုပ်ယူနေသလို လက်တွေကလဲ ကိုကိုးရဲ့ရင်ဘတ်ပေါ်ကျူးကျော်လာပီမို့

"ဦးနော် မီးရေဆော့ချင်သေးတယ် ဦးမပါပဲရေထဲဆင်းရင်ထပ်ရန်ဖြစ်ရမှာစိုးလို့မီးစောင့်နေတာ"

အချစ်ရဲ့စေစားရာWhere stories live. Discover now