Part-39

1.5K 58 42
                                    

အပိုင်း-၃၉

ထွဋ်ခေါင်မင်း ချောခင်ခင်နဲ့ပက်သက်တာအကုန်ရပီမို့ဖြန့်ခိုင်းလိုက်သည်။ချောခင်ခင်နဲ့တွေ့ကာ ခလေးကိုတောင်းပန်ခိုင်းတော့

"ကိုထွဋ် တော်တော်ရက်စက်တယ်နော် ခုနှစ်နှစ်လံုးစောင့်ခဲ့ရတဲ့ချောကို ဒီsingle mom တယောက်လောက်တောင် တန်ဖိုးမထားတာကိုနာတယ်သိလား ချောကအပျိုပါ ကိုထွဋ်က အပျိုစစ်ထက် ဘယ်သူနဲ့ရမှန်းတောင်မပြောနိုင်တဲ့ခလေးတယောက်အမေကိုပိုမက်နေရတာလဲ လံုးဝမတောင်းပန်နိုင်ဘူး"

"မင်းကိုယ်မင်းအမွန်းတင်ချင်တာနဲ့ခလေးကို ဘာမှ
ပုတ်ခတ်ပီးပြောနေစရာမလိုဘူး အဲ့တော့မင်းကလံုးဝမတောင်းပန်ဘူးပေါ့ ရတယ် ပီးမှငါ့အဆိုးမဆိုနဲ့"

"ကိုထွဋ်လဲ ချောပိုဆိုးတာတွေလုပ်မှ စိတ်မတိုနဲ့"

"မင်းကစိန်ခေါ်နေတာပဲ ရတယ်"

ဆိုကာထထွက်လာပီးမှ ပြောစရာကိုသတိရကာ ချောခင်ခင်နားနားတိုးကာ

"ခလေးဆီက ပထမဆံုးဆိုတဲ့အရာအားလံုးကိုငါကရခဲ့တာ ကိုယ်ပြောတာသဘောပေါက်လား သူ့ရဲ့အပျိုစင်ဘဝကိုလဲ ကိုယ်ပဲရတာ ခလေးအဖေကကိုယ့်နောက်က ခုနေခလေးကိုပြန်ရရင်ကိုကျေနပ်တယ်ကွာ ခလေး၁၀ယောက်အမေဖြစ်နေရင်တောင်ခလေးမို့လို့ကိုပြန်လိုချင်တာကွာ ပီးတော့မင်း အပျိုစင်စစ်စစ်ဆိုပီး သိပ်မန်တက်ပြမနေပါနဲ့ •••••ဟိုတယ်မှာ ရုပ်
ဖျက်ပီး မောင်လေးတွေ အကိုကြီးတွေနဲ့ စိတ်ရှိတိုင်းခိုးစားနေတာတွေကိုငါကသိထားတော့ရီချင်တယ် စောင့်နေပါ ငါပေးတဲ့လက်ဆောင်ကို"

လို့ပြောကာ ရုံးသို့ပြန်လာခဲ့သည်။ချောခင်ခင် ကိုထွဋ် နောက်ဆံုးပြောစကားကြောင့် လန့်သွားပေမဲ့ ချောသွားတဲ့ဟိုတယ်က လာပျော်ပါးတဲ့သူတွေရဲ့ privacy ကိုထိန်းသိမ်းခတောင်သိန်းချီပေးရတာမို့ မသိလောက်ပါဘူးလို့တွေးရသည်။ချောလဲ လူသားထဲကလူသားပဲမို့ ကလပ်တက်မယ် သဘောကျတဲ့သူရှိရင် one night standမှာပေါ့ ကိုထွဋ်တောင်အိပ်ယာပေါ်
တင်ခဲ့တဲ့မိန်းမတွေနဲလို့လား အဲ့ဒါကိုများချောလာပြောချင်တယ် ဆောရီးပါ ကိုထွဋ်နဲ့လက်ထပ်ပီးရင်တော့ ကိုထွဋ်အပေါ်သစ်စာရှိပေးပါ့မယ် လို့တွေးကာ ကိုကိုးငယ်နဲ့ပက်သက်တဲ့သတင်းကို သူနေတဲ့ကွန်ဒို
ဆရာဝန်အသိုင်းဝိုင်းနဲ့ အားကစားနေရာတွေမှာပါဖြန့်ဖို့ပြောလိုက်သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now