Part-46

1.5K 48 2
                                    

အပိုင်း-၄၆

"ဖေ ဖေ"

"ဗျ"

"ဖေဖေ့ကို မေးမရို့"

"မေးပါဗျာ"

"ဖေဖေကဘာရို့ ဒီရက်ထဲ နိုနိုးကိုကျောင်းလာမကြိုရတာရဲ အရင်ကတခါမှ မကြိုပဲမနေပါဘူး ထုရက်ထဲဖေဖေက မေမေ့နားပဲတပ်နေတာနော် နိုနိုးချိတ်ချိုးချင်နေပီ"

ကိုကိုး ဦးရဲ့အီလည်လည်မျက်နှာကိုကြည့်ကာရီ
ချင်လှတာမို့မသိချင်ယောင်ဆောင်နေလိုက်သည်။

"သမီးထင်လို့ပါ ဖေဖေ့အတွက်သမီးကသာ နံပါတ်
တစ်"

"တဂျယ်နော်"

"တကယ်ပေါ့"

"အာ့ချို နိုနိုးနဲ့မေမေချို ဖေဘူ့ကိုပိုချစ်လဲ"

သမီးကသူ့ကိုပိုချစ်ပါတယ်ဆိုတဲ့ အဖြေကိုမျော်လင့်တကြီး
မျက်လံုးလေးနဲ့မေးတော့ ထွဋ်ခေါင်မင်း ဖြေမယ်
လုပ်တုန်း ကိုကိုးက

"မေမေ့ကိုလို့ပြောဖေဖေ"

ဆိုပီး လက်မောင်းကို လာမှီတော့ သမီးကလဲအားကျမခံ ကျန်တဲ့လက်မောင်းကိုဆွဲကာ

"နိုနို့ကိုနော့ ဖေဖေ ကြောလိုက် မေမေ့ကိုကြောလိုက်"

ဆိုတော့ထွဋ်ခေါင်မင်းအကြပ်ရိုက်သွားကာ
နောက်ဆံုးသမီးကိုပဲရွေးရသည်။

"ဟော့ဒီကဖေ့သမီးကိုအချစ်ဆံုးပါဗျာ"

"ဟေ့ တွေ့ရားမေမေ မေမေကရော်ကရော် ချက်ချက် ဖေဖေကနိုနိုးကိုပိုချစ်တာ"

ဆိုတော့ ကိုကိုးကစိတ်ကောက်ကာထွက်သွားတော့ ထွဋ်ခေါင်မင်း သမီးကရင်ခွင်ထဲထိုင်ကာဆွဲထားလို့ခလေးနောက်လိုက်မရတာမို့  အီလည်လည်နဲ့ကျန်ခဲ့
သည်။

ကိုကိုးဦးအဝတ်တွေဗီရိုထဲ ထည့်နေတုန်း ခါးဖက်ကာ လည်တိုင်ကြားထဲတိုးဝင်လာတဲ့ဦးကြောင့်

"ဦးသမီးမြင်အံုးမယ် ဖယ်"

"သမီး ကိုကြီမေတို့ဘက်ပို့ထားခဲ့တာ ကိုယ့်မိန်းမလေးစိတ်ကောက်တာချော့မလို့"

ဆိုကာလက်တွေက အင်းကျီအောက်ရောက်လာတာမို့
ဦးလက်တွေကို ရိုက်ကာထုတ်ခိုင်းပီး ဦးနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်တော့

အချစ်ရဲ့စေစားရာWhere stories live. Discover now