Part-10

1.4K 61 10
                                    

အပိုင်း-၁၀

ဦးနဲ့တွေ့ပီးထဲက ကိုကိုးမှာကံကောင်းချင်းတွေသာတန်းစီပီးရောက်လာခဲ့သည်။ပြိုင်ပွဲတွေမှာလဲ
တောက်လျောက်ရွှေရလို့ ကလပ်ရဲ့စီးပွါးရေးလဲ
ကောင်းမွန်လာသလို ကိုကိုးလဲအရင်လိုစိတ်ညစ်နေရတဲ့ဘဝကနေ ဦးရဲ့ဂရုစိုက်မှုတွေကြားထဲမှာ ကိုယ့်ဘဝကိုပျော်စရာများနဲ့နေတတ်လာသည်။ကိုကိုး တရက်တရက်ဘာတွေစားသောက်ရမည်ကို ဦးကစာရွက်နဲ့ရေးကာ ကြီးမေကိုပေးထားသလို ကိုကိုးနဲ့ကြီးမေ
အတွက်လဲ ကိုကိုးတို့ကွန်ဒိုက ဆရာဝန် အမ တ
ယောက်နဲ့ချိတ်ထားပေးသည်။ကိုကိုးကတော့ အစားအသောက်မှန်တာရော ဦးဝယ်ပေးတဲ့ အားဆေးတွေကြောင့်ပါ အရင်ကလို ပိန်ရှည်ရှည်မဟုတ်တော့ပဲ ပြည့်လာသည်လို့သူငယ်ချင်းများကပြောကြသည်။ဦးကသူအားတံ့ရက်ဆို ဒင်နာတူတူထွက်စားတတ်
သလို စနေတနင်းဂနွေ ရက်တွေမှာလဲ breakfast
ဆိုင်စံုလိုက်ကျွေးတတ်သည်။မေမေ့ကိုသတိရလို့ ငိုရင်လဲရင်ခွင်ထဲဖက်ကာ ချော့ပေးတတ်သည်။ဦးရဲ့ဂရုစိုက်မှုတွေကြောင့်  ကိုကိုး ဦးကိုလောဘတက်လာ
သည်။ဦးကိုအပိုင်လိုချင်လာသည်။ဦးကတော့ ဦးကို ကိုကိုးပိုင်တယ်ပြောပေမဲ့ ဦးမှာ ချစ်ရမယ့်သူရှိလာရင် ကိုကိုး ကိုထားခဲ့မှာမို့ ကိုကိုး ဦးအချစ်ရအောင်ဘယ်လိုကြိုးစားရမလဲဆိုတာ သူငယ်ချင်းတွေဆီအကြံတောင်းဖို့ သီရိတို့နဲ့ချိန်းထားသည်။သီရိတို့အုပ်စုတို့နဲ့တွေ့တော့ ကိုကိုးကပြောပြနော့ မင်မင်က

"ငါတို့ယောင်ကျားချင်းအမြင်အရဆို ဘိုးတော်ကနင့်ကိုပစ်ကြွေနေပီ ဘာလို့ရှေ့မတိုးတာလဲတော့မသိဘူး"

"ဟုတ်တယ် သူနင့်ကိုဘာလိူ့ချစ်ခွင့်မပန်လဲဆိုတာငါလဲနားမလည်ဘူး"

ဆိုပီးပေါက်စီကထောက်ခံတော့

"သူကငါ့ကို ညီမလေးလိုချစ်တာဆိုပီး မောင်နှမ ဇုန်ထဲသွင်းထားတော့ ငါကဘယ်လိုတိုးရမှန်းလဲမသိဘူး
ဖြစ်နေတာ"

သီရိက နဲနဲမိန်းမမာယာသံုးဟာ

"ဘယ်လိုမျိုးလဲ"

"ဦး ဟင့် ဟင့် ဘာညာပေါ့"

"ငါမှမလုပ်တတ်တာ"

အချစ်ရဲ့စေစားရာWhere stories live. Discover now