Part-11

1.3K 57 7
                                    

အပိုင်း-၁၁

ဒီနေ့သပြေနဲ့ကိုကိုး ညနေပိုင်း ထရိန်နင်ရှိတာကိုမေ့ပီး shoppingထွက်တာ ဆရာကိုထက်ဖုန်းဆက်မှ၂ယောက်သားပြေးရသည်။ဒီနေ့ထရိန်နင်က သူများကွင်းမှာဆိုတော့ အဝတ်လဲချိန် ကိုကိုး ဦးပေးတဲ့
လက်ကောက်ကို lockerထဲထားရမှာစိတ်မချလို့
မချွတ်တော့ပဲ သတိထားကစားမယ်ဆိုပီး ဝတ်လာကာ ကစားလိုက်သည်။စကစားခါစကသတိထားဖြစ်ပေမဲ့
ကစားရင်းနဲ့စိတ်ကကစားတဲ့ဆီရောက်တာမို့ ၂နာရီလောက်ကစားပီးချိန်မှာ လက်ကသွေးကျလာမှာ ကြည့်လိုက်တော့ လက်ကောက်ကကျိုးပီး အသားထဲ
နစ်ဝင်နေတာမို့ ဆေးရုံသွားရမယ်ဆိုတာကြောင့် ကလပ်ကဆရာဝန်က ပတ်တီးစီးပေးကာ ဆရာ
ရန်နိုင်နဲ့သပြေက ဆေးရုံလိုက်ပို့ကြသည်။လမ်းမှာ
ဆရာကဦးကိုလှမ်းပြောတာမို့ မပြောဖို့တားတာမမှီတော့ပေ။
ဦးလာမယ်ဆိုတော့ဆူခံရမှာကိုစိတ်ရောက်နေလို့ လက်ကနာတာကိုမေ့သွားရသည်။တကယ်လဲဆေးရုံရောက်တော့ အရေးပေါ်ရှေ့မှာဦးကစောင့်နေကာ ကိုကိုး လက်ကိုမြင်တော့ဦးကမျက်နှာပျက်သွားသည်။

ရန်ကြီးဖုန်းဆက်လို့ ဆေးရုံကိုအပြေးလွားရောက်လာပီး ကိုကိုးလေးကားပေါ်ကဆင်းလာချိန် လက်တခုလံုးပတ်တီးကသွေးတွေရဲနေတာမို့ တအားစိတိပူကာ အရေးပေါ်ထဲ ကိုကိုးလေးခေါ်ကာပြေးရသည်။
မောင်ဇော်က ဆရာဝန်ဘာညာနဲ့တွေ့ကာ သေချာပြောထားတာမို့ ကိုကိုးရောက်တာနဲ့ဆရာဝန်က ထံုဆေးထိုးပေးကာ အသားထဲစိုက်ဝင်နေတဲ့
လက်ကောက်ကျိုးအပိုင်းကိုထုတ်ရသည်။ကိုယ်ကကိုကိုးလေးထိုင်နေတဲ့ဘေးမှာမတ်တပ်ရပ်လျက် ကိုကိုးလက်တဖက်ကိုယူကာခါးမှာဖက်ခိုင်းပီး ခေါင်းကို
ကိုယ့်ခါးနဲ့ကပ်ကာ အနာလုပ်တာကြည့်မရအောင်
လုပ်ပေးထားရသည်။ထံုဆေးနဲ့မို့ ကိုကိုးလေးကဘာမှမသိပေမဲ့ ကိုကိုးလေးရဲ့အသားနုနုမှာ စိုက်နေတဲ့ လက်ကောက်အကျိုးစကိုဆွဲထုတ်တာ မြင်နေရတဲ့
ကိုယ့်မှာ ရင်တွေ တဆစ်ဆစ်နဲ့နာရသည်။ကံကောင်းတာကချုပ်စရာမလိုပဲ ဆေးထည့်ရုံရတာမို့ ဆေးထည့်ပတ်တီးစီးပေးကာမေးခိုင်ကာကွယ်ဆေးထိုးရသည်။

ဆရာဝန်ကိုလဲညမနာ မကိုက်ရအောင်ဆေးပေးဖို့တာတတွတ်တွတ်ပြောနေတာမို့ ကိုကိုးမှာ ဦးကိုအချစ်ပိုနေရသည်။ဆရာဝန်က လက်ကောက်အပိုင်းစတွေ
ပြန်ပေးတော့ မယူဘူးယူချင်တဲ့လူယူဆိုလို့

အချစ်ရဲ့စေစားရာWhere stories live. Discover now