Part-19

1.6K 45 3
                                    

အပိုင်း-၁၉

"ကလစ်"

တံခါးဖွင့်သံကြောင့် မော့ကြည့်တော့ မေမေဖြစ်နေတာမို့

"မေမေ ဘယ်ကနေရောက်လာတာလဲ"

"သားကအိမ်ခနလာဆိုလဲရောက်မလာလို့လေ"

ဆိုပီးမေမေပြောနေတာမို့ မေမေကျေနပ်အောင် မေမေနားသွားကာထိုင်လိုက်တော့

"သားအလုပ်များနေလို့ပါ"

"ဟုတ်ပါပီ "

"ဟိုနေ့က ချောကို ပါးရိုက်လိုက်တာမေမေစိတ်ဆိုး
တယ်နော်သား"

"မေမေ သူကသားမိန်းခလေးကိုအရင်ရိုက်တာ"

"မေမေက မေမေ့ချွေးမကိုချောလို့ပဲသတ်မှတ်ထားတာနော်သား"

"အဲ့ဒါတော့ မရဘူးမေမေ ပေါင်းရမှာကသားမို့
သားချစ်တဲ့သူကိုပဲလက်ထပ်မှာ"

"သားရယ် ကောင်မလေးကသားနဲ့အသက်အရမ်းကွာတယ်"

"သားချစ်နေဖို့ကအဓိကလေ"

"သားရယ်"

"မေမေ သားကိုချစ်တယ်ဆို သားချစ်တဲ့သူကိုချစ်မပေးနိုင်ဘူးလား"

ဒေါ်သီတာသိလိုက်ပီ သားကတအားမွန်နေတာ
ဒီထက်ပြောလဲအမေကိုမုန်းတော့မှာမို့

"မေမေကြိုးစားပေးပါ့မယ်"

"တကယ်လားမေမေ မေမေသူ့ကိုမြင်ရင်ချစ်မှာပါ
သားနောက်နေ့မေမေနဲ့တွေ့ပေးမယ်"

"မေမေ မတွေ့ချင်သေးဘူးသား သားဒီခလေးမလေးကို တနှစ်လောက်တွဲပီးသေချာပီဆိုမှမေမေတွေ့
မယ်လေ နော်သား"

"ဟုတ်ကဲ့ပါမေမေ"

ထွဋ်ခေါင်မင်းကတော့ မေမေခါးခါးသီးသီးဖြစ်မှာ
စိတ်ပူနေပေမဲ့ ခုလိုလိုက်လျောပေးတာလဲကျေနပ်တာမို့ မေမေကိုဖက်ကာနမ်းလိုက်သည်

ဒေါ်သီတာဦးစိတ်ထဲမှာတော့ သားရဲ့ကောင်မလေးကိုမေမေက ဘယ်တော့မှလဲ တွေ့မှာမဟုတိသလို  ဘယ်တော့မှလဲလက်ခံမှာမဟုတ်ဖူးမေမေကချောကိုပဲလက်ခံတာ သားနဲ့အဲ့ခလေးမလေးကိုပြတ်အောင်
ဖျက်အံုးမှာဟုတွေးနေတုန်းသားကပါးနမိးတာမို့ကျေနပ်သွားရသည်။သားနဲ့စကားခနပြောပီးတော့ သမီးချောနဲ့ချိန်းတဲ့နေရာသို့ထွက်လာလိုက်သည်။

အချစ်ရဲ့စေစားရာOpowieści tętniące życiem. Odkryj je teraz