Part-40

1.6K 46 24
                                    

အပိုင်း-၄၀

ထွဋ်ခေါင်မင်း ခေါင်းတခုလံုးချာချာလည်သွားကာ လူက ပတ်ဝန်းကျင်နဲ့ခေတ်တအဆက်ပြတ်သွားကာ လေဟာနယ်ထဲရောက်သွားရသည်။

"သား သား စိတ်ကိုလျော့လိုက်"

"မြေး စိတ်ကို ဖြည်းဖြည်းချင်းလျော့"

ဆိုကာ ဖေဖေနဲ့ဖိုးဖိုးအသံကြားမှ သတိပြန်ဝင်လာကာ

"ဖေဖေ ဖိုးဖိုး ကျွန်တော် က လူယုတ်မာတကောင်
ဖြစ်သွားတာပေါ့နော် ကျွန်တော့သွေးသား ကျွန်တော့သမီးလေးကလေ ဒီအရွယ်ထိ အဖေမရှိလို့ဆိုပီးပြောဆိုခံရတာကို အရွယ်လေးနဲ့မလိုက်အောင်  သည်းခံပီးနေရရှာတာ ကျွန်တော့်ကိုတွေ့တော့လဲ သမီးဘက်က သွေးကစကားပြောတာထက်ပိုအောင်ကို ပြသခဲ့ပေမဲ့ ကျွန်တော် ကျွန်တော် အသံုးမကျဘူး မသိခဲ့ဘူး ထွဋ်သက်လျာမင်းတဲ့လားခလေးရယ် ကျေးဇူးတင်ပါတယ် ကိုယ့်သွေးသားလေးကို ခလေးတယောက်
တည်း အကောင်းဆံုး ပြုစုပျိုးထောင်မွေးပေးခဲ့တာ"

"အိုးဒါသားအပြစ်မဟုတ်ဘူး အဲ့ကောင်မလေးအပစ် ခုလဲ မေမေတို့ကို ခလေးပေးဖို့တောင်းတာမပေးဘူးတဲ့ တရားရုံးကနေစကားပြောမယ်ပြောခဲ့တယ်"

"သီတာ"

"ဗျာ မေမေဘာပြောလိုက်တာ"

ဖေဖေနဲ့ကိုယ်နဲ့တသံထဲထွက်လာတော့ မေမေက

"ညနေကသိသိချင်း ဘောလီဘောကလပ်မှာ ခလေးသွားတောင်းတာလေ မပေးနိုင်ဘူးတဲ့ဘယ်လောက်အကြောမာသလဲဆိုတာ"

"မေမေ"

ဆိုပီးထွဋ်ခေါင်မင်းအကျယ်ကြီးအော်တော့ ဖေဖေနဲ့ဖိုးဖိုးက

သားစိတ်ထိန်း မင်းငရဲကြီးမယ်"

ထွဋ်ခေါင်မင်း ထသွားမယ်လုပ်တော့ ဖေဖေကောဖိုးဖိုးက အတင်းတားသည်

"သားမင်းဒီပံုစံနဲ့ဘယ်လိုကားမောင်းမလဲ"

ဟုတ်ပါသည် သမီးအကြောင်းသိရထဲက ခြေတွေ
လက်တွေကတုန်ကာမတ်တပ်ပင်ကောင်းကောင်းမ
ရပ်နိုင်အောင်စိတ်ကတအားအတက်အကျများနေတာမို့နောက်ဆံုး ဖေဖေက

"သားခေါင်းအေးအေးထား မင်းဒီပံုစံနဲ့ကားမောင်း
ရင် မင်းသမီးနဲ့မတွေ့ခင်သေသွားလဲရလား ရတယ်ဆိုဖေဖေမတားဘူး"

အချစ်ရဲ့စေစားရာWhere stories live. Discover now