Part-13

3.1K 79 8
                                    

အပိုင်း-၁၃

ဦးကကိုကိုးနဲ့တရားဝင်ချစ်သူဖြစ်ပီဆိုထဲက အမြန်မင်ဂလာဆောင်မယ်ကြီးပဲလုပ်နေလို့ တနှစ်လောက်တော့စောင့်ပါပြောရသည်။အရင်ကပွေရှုပ်ခဲ့သူကလဲဦးဖြစ်ပီး ခုသူ့ကိုပစ်သွားမှာစိတ်တအားပူကာ ကိုကိုးကိုအလွန်အူတိုတာလဲ ဦးပဲဖြစ်နေပြန်သည်မို့ ကိုကိုးမှာ ရီရခက်ငိုရခက်ဖြစ်နေရသည်။ဦးကပီးတော့ တအားကဲတာက နေ့တိုင်းကိုကိုးနဲ့မတွေ့ရမနေနိုင်ပါဘူးဆိုပီး ခုလဲသူ့ရုံးကိုလာခိုင်းထားသည်။မနေ့ထဲကဦးကတအားအလုပ်ရှုပ်နေတာမို့ မနေ့ညကလဲညတနာရီလောက်မှ တိုက်အောက်ရောက်လာကာ ကိုကိုးကိုတွေ့ရင်လဲ အတင်းဖက်ထားကာနမ်းလို့ဝမှစကားခနပြောကာအတင်းပြန်လွတ်လို့စိတ်ကောက်ချင်နေတာမို့ ဒီနေ့ ထရိန်နင်ပီးတာနဲ့လာမယ်ပြောထားရသည်။ဒါတောင်လာရင်ဘောင်းဘီးရှည်ဒါမှမဟုတ် ဂါဝန်ရှည်တာဝတ်ရမယ်ဆိုတာကပါသေးပီးတော့ နေ့လည် language သင်တန်းရှိတယ်ခနပဲနေကာပြန်မယ်ဆိုတာမရပဲသူ့ရုံးခန်းမှာပဲအတန်းတက်ကာ ညနေစာစားပီးမှပြန်ရမယ်ဆိုလာတာကြောင့် ကိုကိုးမှာကျောပိုးအိတ်ထဲစာအုပ်ရော laptopရော အပြင်းပြေဖတ်ဖိူ့စာအုပ်မုန့်စတာတွေစံုနေအောင်ယူလာရသည်။ကိုကိုးဦးတို့ရုံးအောက်ရောက်တော့ ဦးကိုဖုန်းခေါ်လိုက်သည်။

"ဦးမီးရောက်နေပီ"

"ခနစောင့်ကိုယ်လာကြိုမယ်"

ဆိုကာ ထွဋ်ခေါင်မင်း အပြင်ပြေးထွက်လိုက်သည်။
ခလေးဆင်းလာတော့ ဂျင်းဘောင်းဘီအရှည် အပွကို အပေါ်က ခရော့ အပြာနုလေးနဲ့လံုလံုခြံုခြံုမို့ကျေနပ်သွားရသည်။မပြောလို့လဲမရ ဒီခလေးလေးကလဲ တရားဝင်ချစ်သူဖြစ်ကာမှ ကိုယ့်exတွေနဲ့တွေ့ရင်သူမလှမှာစိုးလို့ဆိုကာ အလှတွေပြင်လာတော့ ဒီလူက ကောင်လေးတွေကြည့်တာခံရရင်ကို ကိုယ့်အသားပဲ့ကြွေသွားသလို နှမြောလွန်းလို့ သဝန်တိုရတာဆိုတာလဲအခါခါဖြစ်သည်။မောင်ဇော့်ကိုကားပါကင်ထိုးခိုင်းကာ ထွဋ်ခေါင်မင်းကတော့ ကိုကိုးလေးလွယ်လာတဲ့အိတ်ကိုယူတော့ ခလေးကမပေးဘူးလုပ်နေလို့အတင်းတောင်းရသည်။ဦးက ကိုကိုးကျောပိုးအိတ်ကိုလွယ်ကာ laptopအိတ်ကိုလဲလက်တဖက်ကဆွဲသလို ကိုကိုးလက်ကိုလဲကျန်လက်တဖက်ကဆွဲကာလာတာဟာ မသိရင် သမီးကိုမူကြိုပို့မယ့်အဖေနဲ့တူတာမို့ ကိုကိုးရီမိတော့သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now