Part-9

1.3K 60 8
                                    

အပိုင်း-၉

တီ တီ တီ

နိုးစက်သံကြောင့် ထွဋ်ခေါင်မင်း အိပ်ယာထကာရေချိုးခန်းထဲဝင် ရေမိုးချိုးပီး အဝတ်လဲကာဆင်းလာတော့ မေမေက

"သားရယ် ညကလဲမိုးချုပ် ခုလဲဘယ်တုန်း"

"သားချိန်းထားတာရှိလို့မေမေ"

"Breakfast မစားတော့ဘူးလား"

"ဟုတ်မေမေသားသွားပီ"

ညက သူငယ်ချင်းစိတ်ဆရာဝန်နဲ့စကားပြောရင်းအကြံရတာနဲ့ ကိုကိုးလေးကို မိဘမဲ့ဂေဟာကိုလိုက်ပြမှာမို့ ညကဖုန်းနဲ့ချိန်းထားတာမို့အပြေးသွားနေရသည်။မနေ့ကလဲတနေ့လံုး ကိုကိုလေးနဲ့နေကာ ဒီနေ့လဲနေ့တပိုင်းလောက်မို့ အလုပ်တွေကို ဖြတ်တာ မနက်၂နာရီမှအိမ်ပြန်ရောက်ကာ အခု မနက်၇နာရီထလာခဲ့သည်။ကိုကိုးလေးတို့အိမ်အောက်ရောက်တော့ ဖုန်းဆက်တော့ အပြေးရောက်လာတာမို့ ကြည့်
လိုင်တော့ မိုးပြာရောင် ပေါင်လည်လောက်ရှိတဲ့ဂါဝန်လေးနဲ့ ကားပေါ်ရောက်လာသည်။

"ကိုကိုးလေး ဘာစားချင်လဲ"

"သမီးကရပါတယ် ဦးစားတာပဲစားမယ်"

"မဟုတ်ဘူးလေ ကိုကိုး ကြိုက်တာပြောတ"

"ဟင်းအင်း သမီးဘာကြိုက်မှန်းတောင်ကိုယ့်ဘာသာ မသိဘူး "

"ဒါဆိုအိမ်မှာဘာစားလဲ"

"ပံုမှန်က ကြီးကြီးကြော်ပေးတဲ့ထမင်းကြော်
ထရိန်နင်နေ့ကတော့ ပေါင်မုန့်နဲ့နွားနို့ပဲသောက်တယ် ဆရာ ကိုထက်ကတော့ အားရှိအောင်ပေါက်စီ ဘာညာဝယ်ဝယ်ကျွေးတယ်"

ကိုထက်ဆိုတော့ ကိုကိုးလေးကိုကြိုက်တဲ့ဆရာမို့ နဲနဲအူတိုသွားရကာ

"နောက်ဆို ကိုယ်ပဲကိုကိုးလေးစားဖို့ဝယ်ပေးမယ်နော်"

"ဟုတ်ကဲ့ဦး

ဆိုတာမို့ ကန်တော်ကြီးစောင်းက Tom yum Khoon
ကိုသာသွားလိုက်သည်။ထိုဆိုင်မှာ dim sumရော မြန်မာအစားအစာပါရတာမို့ ကိုကိုးလေးကြိုက်တာစားဆိုပေမဲ့ ကိုကိုးလေးကမမှာတတ်ဘူးဆိုလို့ကိုယ်ကပဲမှာပေးရသည်။ကိုကိုးလေးအတွက် dim sumရော မုန့်ဟင်းခါးမှာပီးကိုယ့်အတွက် မုန့်တီသုပ်မှာလိုက်
သည်။မုန့်ရောက်လာတော့ ကိုကိုးလေးက
"ဦးစားတဲ့မုန့်တီသုပ်နဲနဲမြည့်ကြည့်ချင်လို့"

အချစ်ရဲ့စေစားရာOnde histórias criam vida. Descubra agora