Part-15

1.6K 51 9
                                    

အပိုင်း-၁၅

ဒီနေ့ဘောလီဘောပွဲကိုအဖိုးနဲ့အဖေလာကြည့်တာမို့ ထွဋ်ခေါင်မင်း ကိုကိုးနဲ့မိတ်ဆက်ပေးဖို့ကြံထားသည်။
လာကစားတာကအသင်းကြီးတွေမို့ ကိုကိုးတို့အတော်လေးကိုကစားမှ ပွဲပီးသရေနဲ့ကျေနပ်လိုက်ရ
သည်။ပွဲပီးတာနဲ့ ကိုကိုးကိုလက်ဆွဲခေါ်ကာ ဖေဖေနဲ့ဖိုးဖိုးနဲ့မိတ်ဆက်ပေးလိုက်သည်။

"အဖိုးနဲ့ဖေဖေ ဒါ ကျွန်တော့ချစ်သူ လက်ထပ်မယ့်ဇနီးလောင်း ကိုကိုးငယ်"

"ကိုကိုးလေး ဒါကိုယ့်ဖေဖေနဲ့ဖိုးဖိုး"

ကိုကိုးက

"ဟုတ်ကဲ့တွေ့ရတာဝမ်းသားပါတယ် အဖိုးနဲ့ဦး"

အဖိုးက

"ဒီနေ့ကစားတာအရမ်းကောင်းတယ် မြေးလေး"

"ဟီး ကိုကိုးကအားနာတာပါ အဖိုးလာအားပေးတာတောင် ကိုကိုးတို့နိုင်အောင်မကစားပေးနိုင်လို့"

"မြေးရဲ့နိုင်တာရှံုးတာထက် သူတို့နဲ့ကစားတော့ မြေးတို့တွေ အတွေ့အကြံု အသစ်တွေရတာပေါ့ တကယ့်အသင်းကြီးကိုသရေကစားပေးနိုင်တာနဲ့တင်ဂုဏ်ယူဖို့ကောင်းပါတယ် နောက်ရက်တွေ ပိုကစားရမယ်ထင်တယ်"

"ဟုတ်ဖိုးဖိုး"

"ကဲသမီးလေးလဲ ကစားထားတာပင်ပန်းနေပီ သားရေနားဖို့ခေါ်သွား"

ဆိုမှ ဦးက ကိုကိုးလက်ဆွဲကာ အသင်းဆီပြန်ပို့ရင်း

"ညနေ ကိုယ်လာခဲ့မယ်နော် ခုပြန်ရောက်တာနဲ့ဆေးသောက်ပီးအိပ်နော် ဆေးမသောက်ရင်မနက်ဖန်မကစားနိုင်ပဲနေမယ်နော်"

"ဟုတ်ဦး"

ကိုကိုးအိမ်ရောက်တာနဲ့ရေမိုးချိုးထမင်းစားပီး
ဆေးသောကိကာတရေးအိပ်လိုက်သည်။အိပ်ယာနိုးတော့

"ဦး"

ကိုကိုးရဲ့ကုတင်ဘေးက စာကြည့်စားပွဲမှာ ကိုကိုးရဲ့laptopနဲ့ဦးကသူ့ရဲ့မေးလ်တွေထိုင်စစ်နေတာမို့ပျော်သွားရသည်။

"ခလေးလေး နိုးပီလား ကိုယ်လက်ကိုက်တာနာတာ
ဖြစ်သေးလား"

မေးရင်း ဦးကကိုကိုး ဘေးနားလာထိုင်တာမို့

အချစ်ရဲ့စေစားရာWhere stories live. Discover now