Part-3

1.5K 57 4
                                    

အပိုင်း-၃

ဒီနေ့ training dayမို့ ကိုကိုးစောစောထကာ ကလပ်ကိုအရောက်လာခဲ့သညါ။အထဲရောက်တော့ နည်းပြအဖွဲ့ကလူမစံုသေးသလို ကစားသမားတွေလဲမလူမစံုသေးပေမဲ့ ကိုကိုးအဝတ်လဲခန်းဘက်ထွက်လာတော့ နည်းပြ ကိုထက်ကလိုက်လာကာ

"ကိုကိုး breakfast ဘာစားလာလဲ"

"ပေါင်မုန့်နဲ့နွားနို့ ဆရာ"

"ကိုယ်မင်းအတွက် ကြာဇံဟင်းခါးရယ်ပေါက်စီ
ရယ်ဝယ်လာတယ် လေ့ကျင့်ရေးပီးရင်းစားနော်"

ကိုကိုး ဆရာ့ကိုအားနာကာ

"ရပါတယ်ဆရာ ကိုကိုးအတွက်ကိုနောက်ကိုတကူးတကမဝယ်ပါနဲ့ အားနာလို့"

"ကိုယ်ကမင်းအတွက်အားနာရမယ့်သူလား ကိုကိုး"

"ဆရာကအဲ့လိုပြောတော့ ပိုအားနာမိတယ်"

"ကဲပါအားမနာနဲ သွားတော့"

ဆိုမှ ကိုကိုးထွက်လာကာ အဝတ်လဲပီး ဘောလံုးလေ့ကျင့်နေတော့သည်။အမှန်တော့ ကိုထက်က ပီးခဲ့တဲ့လကမှ ကိုကိုးကို ချစ်တယ်လို့ဖွင့်ပြောလာလို့ ကိုကိုး
ဘက်ကငြင်းထားပေမဲ့ ဆရာကတော့ ကိုကိုးချစ်လာတဲ့အထိစောင့်နေမယ် အဲ့အတွက် ကိုကိုးဘက်စိတ်
ကျဉ်းကျပ်အောင်ဘာမှ မလုပ်ဘူးဆိုထားတာမို့ ဆရာ့ဂရုစိုက်မှုကို လက်ခံဖို့ အားနာနေရသည်။

"ကိုကိုး နင်အစောကြီးရောက်သားပဲ"

ဆိုကာအနားရောက်လာသူက ကိုကိုးရဲ့ ကစားဖော် သပြေဝင်းမြင့်ဖြစ်သည်။သပြေက အသားညိုညို
နဲ့ချစ်ရာကောင်းသူလေးဖြစ်ကာ ကိုကိုးရဲ့အချစ်ဆံုးသူငယ်ချင်းတယောက်လဲဖြစ်သည်။ပီးတော့ ဆရာကိုထက်ကို ကြိတ် crushနေသူဖြစ်သည်။ သပြေမ က
ကိုကိုးအပေါ်ဘယ်လောက်ကောင်းတယ်လို့ထင်လဲ ဆရာကချစ်စကားပြောတာသိလဲ ကိုကိုးကို အခင်
မင်မပျက်သူဖြစ်သည်။ အဲ့အကြောင်းပြောပြတော့ သပြေ မျက်နှာလေးညိုးသွားလို့ ကိုကိုးက

"သပြေ ငါဆရာ့ကို ညင်းထားတယ်နော် ငါနင်မုန်းတာမခံနိုင်ဘူးနော်"

ဆိုတော့

"ကိုကိုး ငါ့ကြောင့်တော့ နင်ဆရာ့ကိုမငြင်းပါနဲ့ နင်နဲ့ဆရာဆိုလဲငါသဘောတူပါတယ် ငါနင့်ကိုမမုန်းပါဘူး"

အချစ်ရဲ့စေစားရာWhere stories live. Discover now