Part-8

1.5K 61 18
                                    

အပိုင်း-၈

ကိုကိုး သီရိတို့နဲ့ချိန်းထားတဲ့ မုန့်ဆိုင်ကိုထွက်လာ
လိုက်သည်။ဟိုရောက်တော့ မင်မင်နဲ့ပေါက်စီက ကားပါကင်မှာလာစောင့်နေတာမို့ အတူတူ အပေါ်တက်ကာမုန့်စားစကားပြောကြရင်း ကိုကိုးက

"ဟဲ့လူတယောက်ကို သဘောကျတာနဲ့ချစ်တာတူလား
ချစ်ရင်ကော ဘယ်လိုခံစားရလဲ"

ဆိုတော့ မင်မင်က

"ကိုကိုး ရည်းစားထားမလို့လား"

သီရိ ရွှေစင်နဲ့ပေါက်စီက

"ဘယ်သူလဲ ဘယ်ကလဲ ငါတို့သိလား"

"အမလေးဖြေးဖြေးမေးကြပါဟဲ့"

ဆိုကာဦးနဲ့အကြောင်းရယ် ဦးကိုတွေ့ရင်ရင်ခုန်တဲ့အကြောင်းရယ်ပြောပြတော့

ရွှေစင်နဲ့သီရိက

"ဟယ် daddy typeကြီးနဲ့ပေါ့သဘောတူတယ်"

ဆိုတော့ မင်မင်နဲ့ပေါက်စီက

"ကိုကိုး အဲ့လူကနင့်ကိုအတည်ဆိုရင်တော့ငါတို့ပြောစရာမရှိပေမဲ့ နင့်ကိုပလေးတာဆို လက်မခံစေချင်ဘူး"

ဆိုလာပြန်တော့ ကိုကိုးက ခပ်ရဲ့ရဲ့လေးပြံုးကာ

"ငါကိုဦးကပလေးတာဆိုရင်လဲကျေကျေနပ်နပ်ပလေးခံလိုက်မယ် ငါဦးကိုမတွေ့ရရင်မနေနိုင်တော့ဘူးသိလား ငါလေတခါလောက် ငါချစ်တဲ့သူဆီက သဲသဲ
လှုပ်ချစ်ခံရရင်သေပျော်ပါပီဟယ်"

"ကောင်မစုတ် ပေါက်ပန်းလေးဆယ် ဘာသေတာလဲ နင်အချစ်ခံရမှာပါ သူမချစ်လဲ ငါတို့လေးယောက်
ချစ်တယ်နော် ပေါက်ပန်းလေးဆယ် ရှောက်မပြောနဲ့"

ဆိုကာမုန့်တွေလာချတော့စားမယ်ပြင်တုန်း

"ကိုကိုးလေး "

ဆိုတဲ့အသံကြောင့် အားလံုကမော့ကြည့်တော့

"ဦး"

"ကိုယ် ဧည့်သည်တွေ့ပီး ဗိုက်ဆာတာနဲ့တခုခုစားမလို့
ကိုကိုးလေးတို့ဝိုင်းမှာထိုင်လို့ရလား"

"ဟုတ်ရတယ်ဦး"

ဆိုကာထိုင်တော့ မုန့်မှာပီးတာနဲ့ ကိုကိုးက သူငယ်ချင်းများနဲ့ဦးကိုမိတ်ဆက်ပေးလိုက်သည်။စကားပြောရင်း ကိုကိုးကကော်ဖီနဲ့ကိတ်စားတော့ ဦးက

အချစ်ရဲ့စေစားရာTempat cerita menjadi hidup. Temukan sekarang