Part-30

1.3K 41 2
                                    

အပိုင်း-၃၀

ကိုကိုးရဲ့တောင်းဆိုမှုကြောင့် ဦးကအလွမ်းဖြေပေးတာ ကားပေါ်မှာ တညလံုးချစ်ကြည်နူးတုန်းကတော့အကောင်း မနက်လင်းခါးနီ ၅နာရီထိမအိပ်ရသေးတော့ကိုကိုးအပေါ်ထပ်ကိုရောက်တော့ အိပ်ရာပေါ်
ပစ်လဲပီးတကိုယ်လံုးကိုက်ခဲကာညီးနေတော့ကြီးမေရောက်လာခဲ့သည်။

တီးတောင် တီးတောင်

တံခါးလာဖွင့်တဲ့ကြီးမေကအံ့ဩနေတဲ့မျက်နှာနဲ့မို့ ထွဋ်ခေါင်မင်း

"ခလေးကနေမကောင်းဘူးဖုန်းဆက်လို့
ဆရာဝန်ခေါ်လာတာကြီးကြီး"

"အောဟုတ်တယ် ခလေး တကိုယ်လံုးကိုက်ခဲနေ
တယ်ပြောတယ်"

ဆိုကာ အခန်းထဲရောက်တော့ ခလေးက ကိုက်ခဲပီးအဖျားတက်နေတာမို့ စိတ်မကောင်းဖြစ်ရသည်။
ထွဋ်ခေါင်မင်း ခလေးကိုစိတ်မချလို့ အပေါ်ထိပို့ပီးကားဆီရောက်တော့ဖုန်းခေါ်တော့ နေလို့မကောင်းဘူးဆိုတာကြောင့်ဆရာဝန်နဲ့ရောက်လာတာဖြစ်သည်။ဆရာဝန်ကဆေးဘာညာထိုးပီးသောက်ဆေးပေးကာပြန်သွားတော့ကြီးမေက

"မောင်ထွဋိခေါင်မင်း ကိုကိုးလေးကို လက်ထပ်မှာ သေချာပါတယ်နော်"

"သေချာပါတယ်ကြီးကြီး"

"ဒါဆိုလဲ သမီးလေးထနိုင်ရင်ခေါ်သွားတော့ ခလေးကမင်းနဲ့မခွဲနိုင်လို့နေမကောင်းတာဆိုတော့ ကြီးမေစိတ်မကောင်းဘူး မင်းသာကတိတည်ပါစေ"

"ဟုတ်စိတ်ချပါကြီးမေ"

အဆိုးထဲကအကောင်းလို့ဆိုရမည် ခလေးနေမကောင်းတာစိတ်မကောင်းပေမဲ့ ကြီးမေခွင့်ပြုတာကြောင့် ခလေးနဲ့အတူနေခွင့်ပြန်ရသည်မို့ပျော်ရသည်။ခလေးကတော့ ထရိန်နင်ပီးရင် ကြီးမေကြီးဆီပြန်ကာ ညကတော့ ကိုယ့်ကွန်ဒိုမှာလာနေလိုက်တခါတလေ
ကိုယ်ရောခလေးပါ ခလေးတို့ကွန်ဒိုမှာနေကြသည်။

ကိုကိုးကတော့ ဦးခရီးသွားရင် ပြည်တွင်းကောပြည်ပပါ လိုက်ခွင့်ရကာ ဦးနဲ့မခွဲမခွါနေရတာမို့ပျော်ရွင်ရ
သည်။တဖက်မှာ လဲ ကိုကိုးပရိတ်သတ်ဆိုကာ
ကောင်လေးတွေ လာလာစကားပြောကြသည်။တခါတလေ ဦးတွေ့ရင်စိတ်ဆိုးလို့ ကိုကိုးနဲ့ဦးခနခနစကားများရသည်။ဦးနဲ့ကိုကိုး စကားများလဲတရက်မခံပါအမြဲ ဦးကပြန်ချော့တာမို့ ကိုကိုးစိတ်ထဲ ပြသနာအသေးအမွားလေးတွေလို့သာတွေးမိသည်။ဒါပေမဲ့ပြသနာဟာ ကိုကိုးတွေးသလိုမရိုးရှင်ခဲ့သလို ပြသနာသေးသေးလေးတွေက ပြသနာကြီးကြီးမားမားပို ဖြစ်လာစေပါသည်။ကိုကိုး ဆရာမကခေါ်လို့ ကိုကိုး private ဆေးရုံတခုကို ဦးမသိအောင် ၂ပါတ်တခါလောက်သွားကာ ကူညီရသည်။ဆရာမက မေမေ့သူငယ်ချင်းမို့ ကိုကိုးကိုချစ်သလို
ကိုကိုးချုပ်ပေးတဲ့ချုပ်ရိုးလှလို့ သူ့ရဲ့ ပလတ်စတိတ်ဆာဂျရီ ခွဲခန်းဝင်ရတိုင်း ကိုကိုးကူပေးရသည်။ဦးမေးတော့အဲ့ဆေးရုံကိုမသွားဘူးပြောရတာက ဦးသာ ကိုကိုးဆေးကျောင်းဒုတ်ယနှစ်နဲ့နားတာဆို ကျောင်းပြန်တက်ခိုင်းမှာစိုးတာကြောင့် လိမ်ထားရ
ခြင်း ဖြစ်သည်။ဒီနေ့လဲ ဆေးခန်းကပြန်မယ်လုပ်တော့
ခင်နေတဲ့ nurseအမတယောက်က ကိုကိုးတို့ ကလပ်နဲ့နီးတဲ့ ဆီကသူမိတ်ဆွေအတွက်ဆေး လူကြံုထည့်ပေးချင်တယ်ဟုအကူညီတောင်းလို့ သူပေးတဲ့
ဆေးအိတ်တောင်မဖွင့်ကြည့်ပဲယူလာခဲ့သည်။ဆေးရုံအထွက်မှာ ကိုကိုး ရဲ့fanဆို လာနှုတ်ဆက်ဘူးတဲ့
ကောင်လေးနဲ့တိုက်မိကာအထုတ်တွေပြုတ်ကျလို့ ကောင်လေးကဆေးအိတ်ပြန်ကောက်ပေး ဆေးတွေက အမျိုးသမီး သားအိမ်မဲ့ပက်သက်တဲ့ဆေးမှန်းသိရကာ ထိုကောင်လေးနဲ့စကားခနပြောကာ ကားမောင်းပီးအိမ်ပြန်ခဲ့သည်။ကားမောင်းရင်းတွေးမိတာကဒီကောင်လေးနဲ့ ခနခနဆံုဖြစ်တာ တကယ်ကော ရိုးရဲ့လားတွေးရင်းအိမ်ပြန်လာခဲ့သည်။

အချစ်ရဲ့စေစားရာUnde poveștirile trăiesc. Descoperă acum