Part-52

1.3K 45 25
                                    

အပိုင်း-၅၂

ကိုကိုးတို့တအိမ်လံုးအလုပ်ရှုပ်နေကြသည်။အကြောင်းကတော့ ၁၂နှစ်ပြည့်ပီဖြစ်တဲ့သမီးကသူ့သူငယ်ချင်းများနဲ့အိမ်မှာ birthday party လုပ်ချင်ပါတယ်ဆိုတာကြောင့် ကိုကိုးအပါဝင်တအိမ်လံုးအလုပ်ရှုပ်နေကြ
ခြင်းဖြစ်သည်။အစားအသောက်နဲ့partyအပြင်ဆင်ကို ဦးဟိုတယ်ကလာလုပ်ပေးတယ်ဆိုပေမဲ့ ကိုယ့်အိမ်ဆိုတော့လဲ ကိုကိုးနဲ့ကြီးမေကပြင်ဆင်ရသည်။ကိုကိုးကသားတွေမွေးထဲက ဘောလီဘောကစားတာကို
ရပ်ထားကာ ဦးက ကိုကိုးအတွက်ဖွင့်ထားတဲ ဆေးရုံကိုသာသားတွေငယ်တုန်းကတခါတလေသွားပေမဲ့ ခုတော့ ခလေးတွေကျောင်းသွားတာနဲ့ ကိုကိုး
လဲအလုပ်သွားရသည်။နေ့လည်ဆို ဦးရုံးကိုသွားကာနေ့လည်စာအတူစား အလုပ်ပြန် ခလေးတွေကြိုနဲ့သာဖြတ်သန်းနေရသည်။ကိုကိုးတွေးနေတုန်း သမီးက

"မေမေ ဖေဖေ့ကိုပြောပီးပီလား"

"ဖေဖေစိတ်မကောင်းမှာစိုးလို့မေမေက မပြောရသေးဘူးသမီးရဲ့"

"ဟွန့် မေမေကလဲပြောပေးနော် နော်လို့"

"အေးပါသမီး အော် သမီးနော် မနက်ဖြန်ညနေဝတ်
မယ့်
အဝတ်တွေလာပြအံုး ဒူးအထက်တိုရင်လည်ပင်း
ဟိုက်ရင်"

"သမီးသိတယ်မေမေ ဝမ်းဝမ်းနဲ့တူးတူးရော ဖေဖေရော ဝိုင်းပြောမှာမို့ အပြောခံရမယ့်ဟာမဝတ်ဘူး"

"ပီးရော မေမေကသမီး birthday မှာစိတ်ဆိုးနေရမှာစိုးလို့ ဖေဖေကောမောင်လေးတွေကော သမီးကို
ချစ်တာသိတယ်မလား"

"ဟုတ် နိုနိုးကလဲ မေ့ရောဖေ့ရောချစ်တယ် မောင်လေးတွေကိုလဲချစ်တယ်"

"လိမ်မာတယ် မေ့သမီးကြီးက မွ"

လှည့်ထွက်သွားတဲ့ သမီးရဲ့ကျောပြင်လေးကြည့်ရင်း ဦးကိုပြောဖို့စကားစီရသည်။ဦးကသမီးကိုဆို မွေးထဲက၆နှစ်ထိ အဖေမရှိပဲသိမ်ငယ်စွာနေခဲ့ရလို့ဆိုကာ သမီးကိုအားနာတာသနားတာပါပေါင်းပီးချစ်တာမို့ သမီးဘဝကို လိုတရဖြစ်အောင်ဖန်တီးပေးကာ သမီးကြီးမို့အရမ်းမျော်လင့်ပီးအရမ်းချစ်သည်။ဦးချစ်သလိုမျော်လင့်သလိုပါပဲ သမီးကလဲ အဖေမှအဖေ သူဘယ်လောက်ဖြစ်ချင်တဲ့အရာဖြစ်ပါစေ သူ့အဖေကနိုးဆို သူလံုးဝလှည့်မကြည့်တော့ပါ သမီးဒီအရွယ်အထိ သူ့အဖေကနိုးလို့ပြောတာလဲတခုပဲရှိသည်။သမီးက
ဆယ်ကျော်သက်အရွယ်ဖြစ်လာတော့ စကပ်တိုတိုလေးတွေဝတ်ချင်တာ ကိုကိုးကောကြီးမေကော
မကြိုက်တာမို့ တားပေမဲ့ စိတ်ကောက်နေတဲ့သမီးက သူ့အဖေပြန်လာပီး ဖေဖေလဲနိုးပါ သမီးဝတ်တာ
မကြိုက်ဖူးဆိုကာ တနာရီလောက် ဦးကသူ့သမီးနဲ့အ
ပြန်အလှန်ပြောပီးချိန်မှာတော့သမီးကလက်ခံသွား
သည်။ဦးက သမီးလက်ထဲ ပိုက်ဆံပေးကာ
သူကိုယ်တိုင်ကားမောင်းပီးကိုကိုးပါ​ခေါ်ကာ သမီး
စိတ်ကြိုက်အဝတ်တွေဝယ်ခိုင်းသည်။ကိုကိုးနဲ့ဦးကဘေးအဖော်လိုက်ရုံပဲ ကျန်တာသမီးကြိုက်
သလောက်ပေးဝယ်သည်။အဲ့ထဲက သမီးနဲ့အဝတ်စားကိတ်စ စကားမများရပါ။သမီးကကျောင်းမှာလဲ
စာသိပ်တော်တာမို့ သမီးတို့ကျောင်းရဲ့ ကြော်ငြာ ဘေလ်ဘုတ်တွေမြို့လည်ခေါင်မှာထောင်တော့သမီးပံုတွေနဲ့သာဖြစ်သည်။သမီးကကြီးလာတော့
ငယ်ငယ်ကလို ဝတုတ်လေးမဟုတ်တော့ပဲ ပိန်သွားကာ ဦးလို အရပ်မြင့်မြင့်နဲ့မို့ ကျောင်းမှာ ကောင်လေးတွေ
စိတ်ဝင်စားခံရသူဖြစ်သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now