Part-38

1.4K 55 25
                                    

အပိုင်း-၃၈

ဟေမာမင်း တွေးရင်းတွေးရင်းဒေါသထွက်လာကာ
ကိုကိုးငယ်တို့သားအမိကို တခုခု လုပ်ချင်စိတ်ပေါ်လာပေမဲ့ ကိုယ့်အနေထားက ဘာမှမလုပ်နိုင်
ကိုယ်လုပ်သာတာသိသွားရင် မောင်လေးနဲ့ဒယ်ဒီကလဲ လက်ခံမှာမဟုတ်သလို မောင်လေးကဆို တခုခု
တောင်ဟေမာ့ကိုပြန် လုပ်နိုင်သလို ကိုဘုန်းတို့မိသားစုကလဲ ဟေမာ့ကိုဒီထက်ပိုမုန်းနိုင်တာမို့ ကိုကိုးငယ်ကို အထိနာအောင်လုပ်နိုင်သူက ချောပဲရှိသည်။ ချောက ခုထိမောင်လေးကိုစောင့်နေသူမို့ ဟုတ်တယ် ချောကိုအသိပေးရမယ်ဆိုကာ ချောဆီဆက်သွယ်လိုက်သည်။

ထွဋ်ခေါင်မင်း နာရီကြည့်တော့ ၃နာရီမို့  နိုနိုးလေးကို ကျောင်းကြိုဖို့သွားတော့  နိုနိုးလေးက ငိုနေတာမို့ စိတ်ပူကာမေးတော့

"နိုနိုးကို အတန်းထဲကတောင်လေးတွေက အဖေမချိပဲမွေးတာ ချိုပီးစတယ် ဦးဦးချစ် နိုနိုးက my dad was pass away ကြောတာကို နိုနိုးကလိမိတာလို့
ကြော
တယ် ဦးဦးချစ်ကလဲ နိုနိုးကို မချစ်ဘူးလို့ကြောတယ် အဲ့တာ ဟုတ်ရား "

ဆိုကာမျက်ရည်တွေအပြည့်နဲ့မော့ကြည့်ကာမေးတဲ့ သမီးလေးနိုနိုးကိုကြည့်ကာ စိတ်မကောင်းဖြစ်တာမို့လို့ ဆရာမကို နောင်တခါမဖြစ်အောင်ထိန်းပေးဖို့ပြောရင်း နိုနိုးလေးကို စိတ်ပြေလက်ပျောက် မုန်ကျွေးကာရုံးခေါ်လာခဲ့သည်။နိုနိုးလေးက ကိုယ့်ကိုတအား
ချစ်တာမို့ ကိုကိုးကမတားတော့တာမို့ ရုံးခန်းကို ခနခနလာလို့ ရုံးခန်းထဲမှာ သူ့အမေတုန်းကလိုပဲ ခလေးစားတဲ့မုန့်ကစားစရာအရုပ် ဆေးခြယ်စရာမျိုးစံုရတာမို့ နိုနိုးလေးကပျော်ရှာသည်။မောင်ဇော်ကနိုနိုးလေး ကိုစခေါ်လာတဲ့နေ့က

"Bossရုံးမှာတော့ပွက်လောရိုက်သွားတယ် Bossက
တိတ်တိတ်ပုန်းမွေးထားတဲ့သမီးရုံးခေါ်လာတယ်ဆိုပီးတော့"

"ငါနဲ့နိုနိုးလေးကတူလို့လား"

"မျက်နှာဆင်တယ်Boss"

ဆိုတော့ပြံုးမိသည်။ခလေးက ကိုယ်ဝန်နဲ့ကိုယ့်ကိုသတိရနေတာနေမှာ အဲ့ဒါကြောင့် နိုနိုးလေးက ကိုယ်
နဲ့ဆင်တာဆိုပီးသဘောကျနေမိသည်။တခါတလေ နိုနိုးက ကိုယ့်ပေါ်မှာ you tubeကြည့်ရင်းအိပ်ပျော်နေ
တတ်သလို တခါတလေဆို လက်မှတ်ထိုးဖို့လာတဲ့
ဝန်ထမ်းတွေအံဩကာချစ်စရာလေးဖြစ်အောင် ကိုယ့်စံုလည်ကုလားထိုင်မှာ အိပ်ပျော်နေလို့ကိုယ်ကပဲတခြားနေရာပြောင်းကာအလုပ်လုပ်ရသည်။ကိုယ်နဲ့နေရရင်ကိုပျော်နေတဲ့ သမီးလေးနိုနိုးကို ကြီးမေက
ကိုယ်ခေါ်တိုင်း အဝတ်စားပိုတွေနဲ့လိုတာကိုအိတ်တလံုးနဲ့ထည့်ပေးတတ်တာမို့ ခလေးကအစကတားပေမဲ့ ကြီးမေနဲ့နိုနိုးကိုမနိုင်တာမို့လက်လျော့ထားရသည်။ခလေးကဘယ်လောက်ရင့်ကျင်လာလဲဆိုတော့ နိုနိုးလေးအကြိုက်တွေအကုန်ချက်တတ်နေကာ နိုနိုးနဲ့
ကိုယ်ကအကြိုက်တူတော့ ကိုယ့်မှာ ခလေးလက်ရာစားချင်တော့မျက်နှာပြောင်တိုက်ကာနိုနိုးနဲ့ကပ်စားရသည်။ကိုကိုးက တပါတ်၅ရက်ထရိန်နင်နဲ့ ညနေပိုင်းဆေးခန်းထိုင်ချိန်နဲ့ဆိုတော့ နိုနိုးက ကိုယ်နဲ့သာအနေများသည်မို့ရုံးသို့ခနခနပါလာတတ်သည်။ကိုယ်ကလဲ ခလေးကိုချစ်တဲ့စိတ်ကြောင့်လားတော့မသိဘူး နိုနိုးလေးကိုဆိုရင် ရင်ထဲအသဲထဲကကို တုန်နေအောင်
ချစ်သည်။ပံုမှန်ကလေးမချစ်တတ်တဲ့လူမို့  အမျိုးတွေလာလို့ ခလေးတွေပါလာရင်မျက်စိရှုပ်နားရှုပ်မခံနိုင်လို့ထွက်ပြေးနေကျဖြစ်ပေမဲ့ နိုနိုးလေးကိုကျတော့ တအားချစ်သလို နိုနိုးလေးရဲ့ဝေယျာဝတ်စတွေ လုပ်ပေးနေရတာကိုကျေနပ်နေမိသည်။သမီးနိုနိုးလေးက ထမင်းစားတာ အဝတ်စားဝတ်တာ toiletဝင်တာတွေထိ သူ့ဘာသာလုပ်တတ်ပေမဲ့ ကိုယ်ကလဲ
ကူလုပ်ပေးချင်မိသည်။ခုလဲဆေးရောင်ခြယ်နေတာမို့ အလုပ်စားပွဲထိုင်ကာ အလုပ်လုပ်နေတုန်း တံခါးပွင့်ကာ ဖိုးဖိုးနဲ့ဖေဖေဝင်လာတာမို့ ထွဋ်ခေါင်မင်းတအံ့တဩဖြစ်ကာ

အချစ်ရဲ့စေစားရာWo Geschichten leben. Entdecke jetzt