Part-37

1.3K 57 13
                                    

အပိုင်း-၃၇

မဟေမာမင်းရဲ့မျက်နှာမှာ အဲ့ဩခြင်း မုန်းတီးခြင်းတွေ တွေ့ရတာမို့ ကိုကိုးမျက်နှာကိုလွဲလိုက်တော့ အန်တီနန်းက မီးဝင်းဝင်းတောက်တဲ့မျက်လံုးနဲ့ ကြည့်ကာ

"ဟေမာ ညည်းတမင်လုပ်တာမဟုတ်လား  ဒါငါ့ရဲ့အရေးကြီးဧည့်သည် လာတောင်းပန်"

"ဟုတ် ဟုတ်ကဲ့မေမေ"

"ညီမ စိတ်မရှိပါနဲ့နော် အမတောင်းပနိပါတယ်"

အန်တီနန်းကိုကောမဟေမာမင်းကိုပါ ကိုကိုးမမြင်ဘူးတဲ့ပံုမြင်ရတာမို့အံ့ဩနေပေမဲ့

"ရ ရပါတယ်"

အန်တီနန်းက ကိုကိုးတို့လိုတစိမ်းအတွက်အရမ်း
ကောင်းသောအန်တီဖြစ်ပေမဲ့ မဟေမာမင်း
အတွက်တော့ ချွေးမကိုအရမ်းဖိနှိပ်လွန်းတဲ့ယောက်ခမလို့ကိုကိုးမြင်မိသည်။ဘာလို့လဲဆိုတော့
မဟေမာမင်းက သူ့အမေအိမ်မှာတုန်းကလို
မဟုတ်တော့ပဲရိုရိုကျိုးကျိုးရှိကာ ကိုကိုးတို့ထမင်းစားတာတောင် ဘေးကနေယပ်ခတ်အစားသောက်
သယ်ချအဲ့လိုပံုစံမို့အံ့ဩနေမိသည်။ဒါပေမဲ့ ကနေဒါမှာတုန်းက ကြီးမေပြောပြတဲ့ သိပ်ဆိုးတဲ့အန်တီနန်းရဲ့ချွေးမက မဟေမာမင်းကိုပြောတာဆိုရင်တော့
အန်တီနန်းမလွန်ဘူးထင်ပါသည်။ကြီးမေပြောပြတဲ့
အန်တီနန်းချွေးမက သူ့သားကြီးနဲ့မရခင် ကောင်လေးတကာနဲ့ခေါင်းစဉ်အမျိုးမျိုးပြကာအိပ်တယ်
ကိုယ်ဝန်တာဆေးသောက်နဲ့နေလာခဲ့ကာ အန်တီနန်းသားကြီးကိုတော့ ပိုက်ဆံရှိတာမို့၂ခါလောက်အတူနေပီးတာနဲ့ အရယူခဲ့ပေမဲ့ သန္ဓေတားဆေးအရှိန်ကြောင့် ခလေးရဖို့ခက်ခဲနေခဲ့သည်။အဲ့သည်အထိ အန်တီနန်းက ခွင့်လွတ်ပေးခဲ့ပေမဲ့ တရက်မှာတော့ အန်တီနန်းရဲ့သားကြီးက ဒေါသတွေထွက်ပီးသတ်မယ်ဘာညာ
ဖြစ်လို့ အန်တီနန်းပါစိုးရိမ်ပီးလိုက်သွားတော့ မဟေမာမင်းကို ဟိုတယ်မှာ အန်တီနန်းသားသူငယ်ချင်းနဲ့
ကုတင်ပေါ်မှာ မိတာမို့ အဲ့ထဲကအိမ်ထောင်ရေး
အဆင်မပြေတော့ကာ နှစ်ဘက်မိ ဘသိတ်ခါကြောင့်သာမကွဲဖြစ်တာဟုသိရသည်။

"သမီးလေး ကိုကိုး စားလေ မကြိုက်လို့လား "

"အာ မဟုတ်ပါဘူးအန်တီ အလုပ်အကြောင်းအတွေးရောက်သွားတာ "

အချစ်ရဲ့စေစားရာWhere stories live. Discover now