Part-20

1.6K 31 3
                                    

အပိုင်း-၂၀

"ကိုကိုးလေး ဒီနေ့ဘယ်တွေသွားမှာလဲ"

"မီးလား မြို့ပတ်ပီး မီးပွိုင့်ကခလေးတွေကို ချော့ကလက်ပေးမယ် ကလပ်ကလူတွေဆီသွားမယ် ချောကလက်သွားပေးမယ်ပီးရင် ပေါက်စီတို့နဲ့ နေ့လည်စာစားမယ် valentine showပွဲရှိတဲဆီသွားမယ် ဦးစိတ်မချမှာစိုးလို့ ဒီမှာ တီရှပ်နဲ့ ဂျင်းပန်ဝတ်ထားတယ်နော်"

"လူလည်လေး ဒီလူလည်လေးချွဲစိန်လေးကိုတနေ့လုံးရုံးခေါ်ထားချင်တာကို တနေ့လံုးအပြင်ထွက်မယ့် ပလန်တွေနဲ့ဆိုတော့ ကိုယ်ကပဲလျော့ပေးရမှာပေါ့"

"ဦးကလဲမီးစိတ်မကောင်းအောင်ပြောနေတယ် ညနေစောစောပြန်လာပီးဦးဆီလာခဲ့မယ်နော် မွမွမွ
ဦးကိုချစ်တယ်"

"ကိုယ်ကားမောင်းမယ့်သူခေါ်ထားပေးတယ် ခလေးတယောက်ထဲစိတ်မချလို့"

"အာဦးကလဲ မီးဘာသာတသက်လံုးမောင်းလာတာ
စိတ်ချပါ driverယောက်ကျားတယောက်နဲ့ဦးက
စိတ်ချတာလား"

"ဘယ်ကယောက်ကျားရမှာလဲ ခလေးရဲ့မိန်းခလေး
ခလေးလေးအတွက်ငှါးထားတာကြိုက်တဲ့နေရာသွားသူကကိုယ်ခံပညာပါတတ်တယ်ဟုတိပီလား"

တကယ်လဲ ဦးငှါးပေးတဲ့အမက ကားမောင်းတော်သလို သဘောလဲကောင်းတာမို့ ကိုကိုးအဆင်ပြေသည်။ကလပ်မှာချောကလက်ဝင်ပေးပီးသူငယ်ချင်းတွေနဲ့
ထမင်းစားဖို့ချိန်းထားတဲ့ဆိုင်မှာစားသောက်ရင်း ကိုကိုးသိချင်တာရှိတာမို့

"ပေါက်စီနဲ့မင်မင် ငါမှာမေးစရာကလဲနင်တို့ပဲရှိတာမို့ ငါ့တမျိုးမထင်နဲ့နော်"

ဆိုတော့ ပေါက်စီမင်မင် သီရိနဲ့ရွှေစင်တို့က စိတ်ဝင်တစားနားထောင်နေတာမို့

"ဒီလိုဟာ ဟိူလေ ဟိုဟာဟာ"

"ကိုကိုးဘာလဲ နင်ကဟိုဟာကမတက်တော့ ငါစိတ်မ
ရှည်တော့ဘူး"

ဆိုပီးမင်မင်ကပြောမှ

"နင်တို့သိတယ်လေ ငါ ငါ ဦးနဲ့ အတူတူ အတူနေတာလေ အဲ့ဒါ အဲ့ဒါ ဟိုဟာဟာ သီရိနဲ့ရွေစင်ကိုအားနာပေမဲ့ ငါ့မှာမေးရမယ့်သူကနင်တို့ပဲရှိလို့လေ"

ပေါက်စီက

"ကိုကိုး ငါစိတ်မရှည်တော့ဘူး ဘာလဲ နင်သူနဲ့အတူနေတဲ့အကြောင်းဘာသိချင်တာလဲ"

အချစ်ရဲ့စေစားရာWhere stories live. Discover now