Part-7

1.4K 62 7
                                    

အပိုင်း-၇

ထွဋ်ခေါင်မင်း ဒေါသထွက်နေလို့ တရုံးလုံးအသံမ
ထွက်ရဲပေ။သေချာလုပ်ထားတဲ့projectတခု လွဲသွားတာမို့ တနေ့လံုးစိတ်မကြည်ပေ။ဒီရက်ထဲ စိတ်ရှုပ်စရာတွေစုပံုလာတာမို့ အလုပ်နဲ့တာ နှစ်ပါးသွားနေရသည်။စိတ်ပြေလက်ပျောက် ကိုကိုးလေးဆီသွားမယ်ဆိုတော့လဲ ထရိန်နင်က၃ရက်နားတယ်ဆိုတော့ တွေ့လို့မရ။၃ရက်လံုးစိတ်ပင်ပန်းတာမို့ မောင်ဇော်က

"Boss one night standလေးခေါ်ပေးရမလား"

"အေး ညနေစီစဉ်လိုက်"

ညရောက်လို့ကောင်မလေးနဲ့တွေ့ရပေမဲ့လဲ
ဘာလုပ်ပေးပေး မျက်စိမှိတ်လိုက်တာနဲ့ ဘောလံုး
ရိုက်နေတဲ့ဆံပြာမလေးပဲပေါ်ပေါ်လာလို့ စိတ်ကမပါ
ဖြစ်နေတာမို့ ငါငယ်ငယ်ရွယ်ရွယ်နဲ့ပန်းများသေသွားလားလို့ကိုယ့်ကိုကိုယ် သံသယဝင်မိသည်။ကောင်မလေးကို တွန်းဖယ်ပီး အဝတ်ပြန်ဝတ်ကာ ကားမောင်းထွက်လာမိသည်။သတိဝင်လာလို့ကြည့်တော့ ကားက ကိုးကိုးငယ်အိမ်ဘက်ဖြစ်နေလို့ကိုယ်စိတ်ကို
ဘာဖြစ်နေမှန်း မစစ်ချင်တော့တာမို့ စိတ်အလိုတိုင်း မောင်းသွားကာ ကိုကိုးငယ်တို့အခန်းကိုမြင်နေရသည့်နေရာမှာရပ်ကာ ကားထဲကနေ ကိုကိုးငယ်အခန်းလေးကိုသာကြည့်နေမိသည်။ဘဝမှာ တခါမှ မိန်းခလေးတယောက်ကို ဒီလို လာမချောင်းဘူးသလို စိတ်ရှည်ရှည်နဲ့လဲမစောင့်ဘူးပေ။ကိုယ့်ပတ်ဝန်းကျင်ကဘယ်မိန်းခလေးမဆို မျက်လံုးတချက်ကြည့်တာနဲ့ အိပ်ယာပေါ်ရောက်တာဆိုတော့ ခုလုပ်နေတာဖြစ်နေတာတွေက ရီစရာကောင်းနေပေမဲ့ သူမနဲ့ပက်သက်တဲ့နေရာကိုရောက်နေတယ်ဆိုတဲ့အသိက စိတ်ရှုပ်တာတောင်နဲနဲသက်သာစေလို့ ကိုယ့်ကိုကိုယ်အံ့ဩနေမိသည်။ခါ
တိုင်း စိတ်ညစ်စိတ်ရှုပ်ရင် မိန်းခလေးတယောက်နဲ့ sex dateတာနဲ့ဖြေလို့ရပေမဲ့ ဒီခလေးမလေးကိုတွေ့ပီးထဲက ကိုယ့်စိတ်တွေပြောင်းနေတာမို့ ကိုယ့်ကိုကိုယ်
ပြန်ဆန်းစစ်ရမယ်လို့တွေးမိပေမဲ့ အဖြေကိုတော့သိနေပီးသားဖြစ်နေသည်။ခုလဲ ထိုင်ခံုနောက်လှန်ချကာ သူမလေးအရိပ်အငွေ့ရှိတဲ့ အခန်းဝရံတာလေးကို စီးကရက်ဖွာရင်းငေးမေရတာကိုက stressများလျော့ကာ သဘောတကျရှိနေတာမိူ့ ငေးနေမိတော့သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now