Part-53

1.6K 40 15
                                    

အပိုင်း-၅၃

ကိုကိုးမနက်နိုးတော့ ဦးရဲ့ဘယ်ဘက်လက်မောင်းပေါ်မှာ သမီးကခေါင်းအံုးအိပ်ပီးဦးကိုဖက်ထားတာ
ဦးရင်ဘတ်ပေါ်မှာ ဝမ်းဝမ်းက မှောက်ရက် အိပ်ကာ ညာဘက်လက်မောင်းပေါ်မှာ တူးတူးကအိပ်နဲ့ သားအဖ၄ယောက်အိပ်မောကျနေတာချစ်စရာမို့ ဖုန်းနဲ့ ပံုရိုက်ထားကာ မျက်နှာသစ်ပီးအောက်ထပ်ဆင်းလာကာ ကြီးမေနဲ့သမီးအကြောင်းပြောဖြစ်ကြသည်။

"ကြီးမေလဲသတိထားမိတယ် နိုနိုးလေးက
ပျိုဖော်ဝင်လာပီဆိုတော့ စိတ်ကစားချင်ပီနေမှာ "

"ကြီးမေ ဦးကသမီးကို လံုးဝမပြောရဘူးတဲ့နော် မပြောနဲ့နော်"

"ဟုတ်ပါပီတော် ကျုပ်လဲ ယောဂီဘယ်တော့မှဝတ်ရမလဲမသိပါဘူး ကိုကိုးကနေစလိုက်တာ သံယောဇဉ်တွေများပီး သောင်တင်နေတာ"

ဆိုတော့ ကိုကိုး ကြီးမေကြီးခါးဖက်ကာချွဲရတော့သည်။

"ကြီးမေကလဲ မီးတို့နဲ့နေပါအံုး ဝမ်းဝမ်းနဲ့တူတူး မိန်းမရမှ သွားနော်"

"အမလေး ကျမအဲ့ချိန်အသက်ကြီးပီး သူငယ်ပြန်နေ
ရင်ဘယ်လိုလုပ်မလဲ"

"မီးကစောင့်ရှောက်မှာပါနော် မွ"

"ကိုကိုးချွဲနေတာ မသိရင် တူးတူးထက်အငယ်ကျလို့နော် ဒီအဖွားကြီးကို ဒီလိုပဲသားအမိ၄ယောက်ချုပ်နေကြတာ ဒီအဖွားကြီးကလဲ သံယောဇဉ်မပြတ်နိုင်ဘူး"

"ကြီးမေကို ချစ်တာကိုးလို့"

"နိုနိုးဖွားမေနော်မေမေ မေမေဖယ်"

"သားရဲ့ဖွားမေ"

"သားရဲ့ဖွားမေ"

ဆိုကာ သမီးနဲ့သားက အတင်း ကြီးမေကိုဖက်တာမို့ ကိုကိုး နှုတ်ခမ်းစူပြကာ

"နိုနိုး ဝမ်းဝမ်း တူးတူး လူဆိုးတွေ ဖေဖေဆိုလဲ သူတို့၃ယောက် မောင်ပိုင်စီးတာမေမေကကပ်စရာနေရာမရှိဘူး ခုဖွားမေကိုလာလုနေတယ်မရဘူးနော်ဟွန့်"

ဆိုတော့ခလေးတွေက တခစ်ခစ်နဲ့သဘောကျကာဦးကနောက်ကနေရောက်လာကာ ကိုကိုးခါးဖက်ကာ

"ဘယ်သူက ကိုယ့်ခလေးဆီကဘယ်သူ့ကိုလုနေတာလဲ"

ဆိုတော့ ကိုကိုး သားတွေနဲ့သမီးရှေ့ မူပိုကာ
ဦးရင်ခွင်ထဲဝင်ကာ

အချစ်ရဲ့စေစားရာTahanan ng mga kuwento. Tumuklas ngayon