Part-36

1.4K 47 15
                                    


အပိုင်း-၃၆

ဦးကမနက်စောစော ကြီးမေကိုဖုန်းဆက်ရင်း ကိုကိုးနဲ့စကားပြောချင်တယ်ဆိုပီး ကြီးမေကဖုန်းလာပေးတော့

"ခလေးကို အရမ်းချစ်တယ်နော် ကိုယ်မရှိတုန်း သမီးလေးကော ခလေးကော ကျန်းမာရေးဂရုစိုက်နော် ကိုယ့်ကို ခရီးလမ်း အန်တရာယ်ကင်းအောင်ဆုတောင်းပေးအံုးလေ"

ကိုကိုး ခရီးထွက်မယ့်သူနဲ့စကားမများချင်တာနဲ့

"Have a save trip ဦးထွဋ်ခေါင်မင်း"

"Your welcome baby"

ဆိုတာနဲ့ဖုန်းချလိုက်တဲ့ ခလေးကြောင့် ထွဋ်ခေါင်မင်းပြံုးမိသွားသည်။လေယဉ်ဆိုက်တာနဲ့ ခလေးဆီ မက်ဆေ့ပို့ရသည်။ပီးတာနဲ့တက်ကြွသောခြေလှမ်းတွေနဲ့  ခလေးနားအမြန်ပြန်ဖို့ အလုပ်သို့ပြေးရသည်။

တင်း

ဆိုတဲ့ဖုန်းသံကြောင့် ကိုကိုးဖုန်းကို အပြေးလေးယူကြည့်တော့

"ခလေး ကိုယ်ရောက်ပီနော် ခလေးစိတ်ပူနေမှာစိုးလို့ ချစ်တယ်နော် ခလေးလေး 😘😘😘"

ဆိုတဲ့မက်စေ့ကြောင့်ပြံုးမိသွားသလို ခုနကထိ ဘုရားစင်ရှေ့ထိုင်ကာ ဦးအန်တရာယ်ကင်းဖို့ဆုတောင်းနေတာကိုရပ်လိုက်ကာ သမီးလေးမုန့်စားနေတဲ့ဆီသွား
လိုက်သည်။၇နှစ်လံုး ကိုယ့်ဘာသာနေလာတာအကောင်း ခုတပါတ်လောက် မိုးလင်းတာနဲ့ဦးမျက်နှာမြင်နေကျကနေ ခုလိုပြန်သွားတော့ လွမ်းသလို
ဝမ်းနည်းသလို ငိုချင်သလိုနဲ့မို့ ကိုယ့်ဘာသာ စိတ်တိုရသည်။

"မေမေ ဦးဦးချစ်က ရန်တုန် ရောက်ပီလား"

"အင်းရောက်ပီပြောတယ်သမီးလေး"

"နိုနိုး ဦးကိုလွမ်းရို့ မေမေ ဖုန်းထော်ပေးပါလား"

"သမီးကလဲ ဦးကအလုပ်ရှိနေမှာကို"

ဆိုတော့ သမီးကငိုမဲ့မဲ့လေးဖြစ်သွားတော့ ကြီးမေက

"ခေါ်ကြည့်ပါ ကိုကိုးရယ် ခလေးသနားပါတယ်"

ဆိုတာကြောင့် ဦးဆီvc ခေါ်တော့ ဦးကချက်ချင်း
ကိုင်တာမို့ ဖုန်းစခရင်မှာ ပေါ်လာတဲ့ဦးမျက်နှာကို အလွမ်းပြေ ကြည့်ကာ ကင်မရာ ဖွင့်ပီး သမီးကိုပေးလိုက်သည်။

အချစ်ရဲ့စေစားရာWhere stories live. Discover now